Spotify ရဲ့ ၂၀၁၇ အတွက် Popular အဖြစ်ဆုံးဆုတွေကို သိမ်းကြုံးယူသွားတဲ့ Ed Sheeran

မကြာသေးမီကပဲ Spotify က ၂၀၁၇ ခုနှစ်တစ်နှစ်တာအတွက် category အသီးသီးက ထိပ်ဆုံးသီချင်း/အဆိုတော်စာရင်းကိုထုတ်ပြန်ပေးခဲ့ပါတယ်။ အဲဒီမှာ ၂၀၁၇ ဟာ Ed Sheeran ရဲ့နှစ်လို့တောင်ပြောလို့ရတဲ့အထိ နေရာတိုင်းမှာ သူ့ရဲ့သီချင်းတွေကထိပ်ဆုံးကနေရာယူထားပါတယ်။ အံ့သြစရာအကောင်းဆုံးကတော့ Most Streamed Track Globally နေရာကို Despacito ကိုကျော်တက်ပြီး Ed Sheeran ရဲ့ Shape of You ကရရှိသွားတာပါ။

Spotify ရဲ့ Chief Content Officer ဖြစ်သူ Stefan Blom က “Ed Sheeran က သူ့ရဲ့နာမည်ကျော် Album Divide နဲ့ ဒီတစ်နှစ်တာလုံးကိုလွှမ်းမိုးသွားခဲ့ပါတယ်။ ၂၀၁၇ ဟာ Ed Sheeran ရဲ့နှစ်ဖြစ်တယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမလိုပါဘူး။ သူ့ရဲ့သီချင်းတွေကို သီချင်းချစ်သူ သန်းပေါင်းများစွာက Spotify ပေါ်မှာ ရှာဖွေနားထောင်ခဲ့ကြတာကြောင့် Spotify အဖွဲ့အနေနဲ့လဲ ဝမ်းသာမိပါတယ်။ Ed Sheeran ရဲ့အောင်မြင်မှုကိုလည်း Spotify အဖွဲ့သားတွေအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” လို့ပြောကြားသွားခဲ့ပါတယ်။

Ed Sheeran ရဲ့အောင်မြင်မှုကဘယ်လောက်တောင်လဲဆိုတာကိုတော့ Spotify ထုတ်ပြန်ခဲ့တဲ့ ၂၀၁၇ ရဲ့ Top List မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Most Streamed Artists Globally

1. Ed Sheeran
2. Drake
3. The Weeknd
4. Kendrick Lamar
5. The Chainsmokers

Most Streamed Female Artists Globally

1. Rihanna
2. Taylor Swift
3. Selena Gomez
4. Ariana Grande
5. Sia

Most Streamed Male Artists Globally

1. Ed Sheeran
2. Drake
3. The Weeknd
4. Kendrick Lamar
5. Daddy Yankee

Most Streamed Groups Globally

1. Coldplay
2. Imagine Dragons
3. Maroon 5
4. Linkin Park
5. Migos

Most Streamed Tracks Globally

1. Shape of You – Ed Sheeran
2. Despacito – Remix – Luis Fonsi, Daddy Yankee feat. Justin Bieber
3. Despacito – Luis Fonsi feat. Daddy Yankee
4. Something Just Like This – The Chainsmokers & Coldplay
5. I’m the One – DJ Khaled feat. Justin Bieber, Quavo, Chance the Rapper, Lil Wayne

Most Streamed Albums Globally

1. Divide – Ed Sheeran
2. More Life – Drake
3. DAMN. – Kendrick Lamar
4. Starboy – The Weeknd
5. Stoney – Post Malone

Leave a Reply

Your email address will not be published. Required fields are marked *