Prince Harry ရဲ့ မင်္ဂလာပွဲမှာ ဖျော်ဖြေမယ့် Ed Sheeran 

Perfect သီချင်းပိုင်ရှင် Ed Sheeran ရဲ့ ကျော်ကြားမှုက International Chart တွေမှာ #1 ဖြစ်နေရုံလေးသာမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဗြိတိန်ရဲ့ တော်ဝင်မိသားစုက သူ့ကို တော်ဝင်ပွဲတစ်ခုမှာ ဖျော်ဖြေပေးစေလိုတဲ့ တောင်းဆိုမှုတစ်ရပ်ထွက်ပေါ်လာလို့ပါပဲ။  ဒီရက်ပိုင်းလေးမှာပဲ ဗြိတိန်မင်းသား Harry က Ed Sheeran ကို ၂၀၁၈ခုနှစ်မေလ ၁၉ရက်နေ့မှာ ကျင်းပမယ့် သူတို့မင်္ဂလာ ဧည့်ခံပွဲမှာဖျော်ဖြေပေးဖို့ ပြောထားတယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။

Ed Sheeran အနေနဲ့ကတော့ အဲ့သတင်းနဲ့ပတ်သက်လို့ တစ်စုံတစ်ရာမှတ်ချက်မပေးရသေးပေမယ့် သူ့အနေနဲ့ မင်းသား ဟယ်ရီနဲ့ သူ့ပရိသတ်တွေရဲ့  မျှော်လင့်ချက်ကို လွယ်လွယ်နဲ့ လစ်လျူရှုမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ Ed Sheeran ဟာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလတုန်းကပဲ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်ကပေးအပ်တဲ့ MBE(Member of the Order of the British Empire) ဆုကို ရရှိထားတာပါ။ အဲ့တုန်းကတော့ မင်းသားကြီး Charles ကသူ့ကို MBE ဆုပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဝီလျံမင်းသားနဲ့လဲ စကားစမြည်ပြောခွင့်ရခဲ့ပါတယ်။

တော်ဝင်မင်္ဂလာ ပွဲမှာဖျော်ဖြေမှာလားဆိုတဲ့ မေးခွန်းကတော့ အမြဲလိုလိုမေးခံနေခဲ့ရတဲ့မေးခွန်းဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာမှာတော့ “Yeah, why not.” လို့ ပြုံးပြီးဖြေခဲ့ဘူးပါတယ်။ နောက်သိပ်မကြာခင်က အင်တာဗျူးတစ်ခုမှာလဲ အဲ့ချိန်မှာသူအားရင် ဖျော်ဖြေဖြစ်မှာပါလို့ ဖြေကြားဖူးခဲ့တာလဲရှိတော့ အနည်းဆုံးတော့ သူမငြင်းလောက်ဘူးလို့ မျှော်လင့်ရတာပါပဲ။

Ed Sheeran အနေနဲ့ တော်ဝင်မိသားစုနဲ့ သိကျွမ်းတယ်ဆိုပေမယ့် သူဟာ မင်းသားဟယ်ရီနဲ့ ၂၀၁၁ က တစ်ခါသာဆုံတွေ့ဖူးကြောင်း အဲ့တခါကလဲသိပ်ပြီးထွေထွေထူးထူးမရှိပဲ သာမန်ဆုံဖူးတယ်ဆိုတာလောက်ပဲဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပါတယ်။

အကယ်၍များ ဒီသတင်းသာ အတည်ဖြစ်ခဲ့မယ်ဆိုရင် တော်ဝင်မင်္ဂလာ ပွဲမှာ Ed Sheeran ဟာ “Perfect” သီချင်းကိုရွေးချယ်သီဆိုလောက်တယ်လို့လဲ ခန့်မှန်းပြီးထင်ကြေးပေးနေကြပါတယ်။ တကယ့်ကို အနှစ်သာရပြည့်ဝတဲ့ “Perfect” သီချင်းလေးဟာ မင်းသားဟယ်ရီတို့ရဲ့ မင်္ဂလာကြမ်းပြင်မှာ ပထမဆုံးအကအတွက် အသုံးတော်ခံဖြစ်မဖြစ်ဆိုတာကို သက်ဆိုင်သူတွေက အတည်ပြုတဲ့အထိ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *