မူးယစ်ဆေးနဲ့အရက်ပြတ်တာ ၁၀နှစ်ပြည့်ခဲ့ပြီလို့ ပြောပြခဲ့တဲ့ EMINEM

EMINEM လို့ပြောလိုက်တာနဲ့ GOD of Hip-Hop ကြီးဆိုတာကို အားလုံးသိကြမယ်ထင်ပါတယ်။ မနေ့ကတော့ Legendary Hip-Hop ကြီးတစ်ယောက်ဟာ မူးယစ်ဆေးနဲ့ အရက်လုံးဝမသုံးစွဲခဲ့တာ ၁၀နှစ်ပြည့်ပြီဖြစ်ကြောင်း သူ့ရဲ့ social media ကတဆင့် အားလုံးကိုအသိပေးကြေငြာခဲ့ပါတယ်။

Congratulation ပါ Legend ကြီးရေ!!!!!

A post shared by Marshall Mathers (@eminem) on

အနုပညာရှင်ဆိုရင် အထူးသဖြင့် အဆိုတော်တွေဟာ ဆေးသမားတွေချည်းပဲဆိုတဲ့ သတ်မှတ်ချက်တွေဟာ နေရာတကာမှာကြားနေရတဲ့ စကားတစ်ခုပါ။ Eminem တစ်ယောက်ကတော့ အဲ့ဒီအဆိုကို အချိန်တစ်ခုပေးပြီး ချိုးဖျက်ခဲ့ပါပြီ။ ဆေးသမားတစ်ယောက်တော့ဖြစ်ခဲ့ဖူးပေမယ့် အခုချိန်မှာတော့ အရက်တောင်မသောက်တော့ပဲ မူးယစ်ကင်းစင်ခဲ့တာ ဆယ်စုနှစ်တစ်ခုရှိခဲ့ပြီဖြစ်ကြောင်း သက်သေပြခဲ့တာပါ။

Eminem ဟာလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က မူးယစ်ဆေးအသုံးလွန်ပြီး လူမှန်းသူမှန်းမသိလောက်အောင်ဖြစ်ခဲ့ပြီး ဆေးရုံကိုအချိန်မှီရောက်ခဲ့လို့သာ အခုချိန်မှာ အသက်နဲ့ကိုယ်မြဲလျက်တွေ့နေရတာဖြစ်ပါတယ်။ အဲ့တုန်းကသာ နောက်ထပ် ၂နာရီလောက်နောက်ကျပြီးတွေ့ခဲ့မယ်ဆိုရင် Eminem တစ်ယောက်ကို အဲ့အချိန်ကတည်းက ဆုံးရှုံးခဲ့ရမယ့် အခြေအနေဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းအင်တာဗျူးတွေမှာ “အဲ့တုန်းက ကျွန်တော်ဟာ ရသမျှဆေးတွေအကုန်သုံးစွဲခဲ့ပြီး လူကလဲ ဝိတ်တွေအဆမတန်တက်လာခဲ့ပါတယ်။ ပေါင် ၂၃၀ ဆိုတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဘာကိုမှ အာရုံမလာပဲ ဆေးသုံးဖို့လောက်ပဲ ဉီးနှောက်ထဲရှိနေခဲ့ပါတယ်” လို့ဖြေထားခဲ့ပါတယ်။

ဆေးရုံကဆင်းပြီးနောက်ပိုင်းမှာတော့ Eminem ဟာ ဆက်ပြီးသာဒီလို မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေရင် သေတော့မှာပဲဆိုတာကိုတွေးမိပြီး သူ့ရဲ့ သမီးလေးနဲ့ မွေးစားကလေးနှစ်ယောက်အတွက် ဆက်လက်ရှင်သန်နေဖို့လိုအပ်ကြောင်း သတိပြုမိတဲ့နောက် ဆေးဖြတ်ဖို့အတွက် စပြီးကြိုးစားခဲ့ပါတော့တယ်။ ထိုးတက်နေခဲ့တဲ့ ဝိတ်ကျဖို့အတွက်လဲ လေ့ကျင့်ခန်းတွေလုပ်ဖို့လိုအပ်နေခဲ့သလို ညညအိပ်မပျော်တဲ့ရောဂါကိုလည်း ခံစားနေခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ ပြေးခြင်းက သူ့အတွက်အရမ်းသင့်တော်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပြီး ပြေးခြင်းကြောင့် ဆေးပြတ်ဖို့အရမ်းကိုအထောက်အကူဖြစ်ခဲ့သလို ညညဆိုလဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

အခုလက်ရှိမှာတော့ Eminem ဟာ  Coachella  2018 မှာဖျော်ဖြေနေပါတယ်။ အခုချိန်ထိ Grammy ဆုပေါင်း ၁၅ ဆုအပါအဝင်တခြားဆုတွေကိုလဲ အများကြီးပိုင်ဆိုင်ထားတဲ့ Eminem ဟာ သမိုင်းမှာ အကြီးကျယ်ဆုံး Hip-Hop အနုပညာရှင်တစ်ဉီးအဖြစ်သတ်မှတ်ခံထားရတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။  အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ Rapper ကြီးတစ်ယောက် ဆက်ပြီးတော့လဲ ဘယ်လိုမှတ်တိုင်တွေစိုက်ထူသွားမလဲဆိုတာကို မျှော်လင့်နေရင် ပိုပိုပြီးတော့ အောင်မြင်နေနိုင်ပါစေလို့ MyanmarGroove မှဆန္ဒပြုလိုက်ပါတယ်……

Leave a Reply

Your email address will not be published. Required fields are marked *