Album အသစ် ‘Revival’ နဲ့ Billboard Chart မှာ နံပါတ် ၁ ယူပြီး စံချိန်အသစ်တင်သွားတဲ့ Eminem

ကိုယ်တွေရဲ့ Eminem ကတော့ လုပ်ပြသွားပြန်ပါပြီ။ သူ့ရဲ့ Album အသစ်စက်စက်ဖြစ်တဲ့ Revival ဟာ ထွက်ရှိတဲ့ရက်သတ္တပတ်မှာပဲ အခွေပေါင်း ၂၆၇,၀၀၀ ရောင်းရပြီး Billboard 200 Album Chart မှာ နံပါတ် ၁ နေရာရရှိသွားခဲ့ပါတယ်။ Billboard Chart မှာ နံပါတ် ၁ ရရှိသူတွေက အပတ်စဉ်တိုင်းအမြဲလိုလိုရှိနေတာပဲလို့ ပြောချင်စရာရှိပါတယ်။ ဒါပေမယ့် ဒီလိုရရှိသွားတာဟာ Eminem အနေနဲ့ Album ၈ ခုဆက်တိုက် နံပါတ် ၁ ရရှိသွားခြင်းဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ ပထမဦးဆုံး Album ၈ ခုဆက်တိုက် နံပါတ် ၁ နေရာနဲ့ debut လုပ်သူအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

Eminem ရဲ့ Revival အရှေ့ကထွက်ရှိခဲ့တဲ့ The Marshall Mathers LP (2000), The Eminem Show (2002), Encore (2004), Curtain Calls: The Hits (2005), Relapse (2009), Recovery (2010), The Marshall Mathers LP (2013) တို့ဟာ ထွက်ရှိရှိချင်းရက်သတ္တပတ်မှာ နံပါတ် ၁ နေရာရရှိခဲ့ကြပါတယ်။ သူ့ရဲ့ Major Label Debut Album ဖြစ်တဲ့ The Slim Shady LP (1999) တစ်ခုတည်းကသာ နံပတ် ၂ နေရာရရှိခဲ့တာဖြစ်ပါတယ်။

Eminem ဟာ အခုဆိုရင် နံပါတ် ၁ ရရှိတဲ့ Album အရေအတွက် ၈ ခုနဲ့ Album Chart ရဲ့သမိုင်းမှာ ဆဠမမြောက်အများဆုံးရရှိထားသူနေရာကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ သူ့ရဲ့အထက်မှာဆိုရင် The Beatles က ၁၉ ခု၊ JAY-Z က ၁၄ ခု၊ Bruce Springsteen နဲ့ Barbra Streisand တို့က ၁၁ ခုစီ၊ Elvis Presley က ၁၀ ခု၊ Garth Brooks နဲ့ The Rolling Stones တို့က ၉ ခုစီတို့နဲ့ အသီးသီးနေရာယူထားကြပါတယ်။ ဒါကြောင့် ကိုယ်တွေရဲ့ Rap God ကြီး Top 5 ဝင်ဖို့က နောက်ထပ် နံပါတ် ၁ ရတဲ့ Album တစ်ခုပဲလိုတော့တာဖြစ်ပါတယ်။

Ref: Billboard

Leave a Reply

Your email address will not be published. Required fields are marked *