စေ့စပ်လိုက်တဲ့ Ariana Garande နဲ့ Pete Davidson

လတ်တလော သတင်းတွေအရ Ariana Grande နဲ့ Pete Davidson တို့နှစ်ယောက်အတူယှဉ်လျှက်  မကြာခဏတွေ့နေကြတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ ဒီပြင် လူတော်တော်များများဆီကလည်း သူတို့နှစ်ဦးစေ့စပ်လိုက်ပြီဆိုတဲ့အကြောင်းကို သတင်းတွေရလျှက်ရှိပါတယ်။

“သူတို့စေ့စပ်တာက သိပ်မကြာသေးဘူး။ ပြီးတော့ သူတို့နှစ်ယောက်ဟာလည်း အချစ်ကိုရှာတွေ့ပြီး တစ်ယောက်ကတစ်ယောက်ကို အမြဲပျော်ရွှင်အောင်လုပ်ပေးနေတဲ့ သာမာန်လူနှစ်ဦးပါပဲလေ။” လို့ နီးစပ်သူ လူတစ်ဦးက သတင်းပေးပို့ပါတယ်တဲ့။ ဒီစေ့စပ်ကြောင်းကိုတော့ ပြီးခဲ့တဲ့ အပတ်မှာ ပြောခဲ့ကြပါတယ်။ နောက်နီးစပ်သူတစ်ဦးကလည်း သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့အပတ်က Robert Pattinson ရဲ့ အိမ် ပါတီပွဲမှာ စေ့စပ်ခဲ့ကြတာဖြစ်ကြောင်း ထပ်မံထောက်ခံခဲ့ပါတယ်။ Pete တစ်ယောက်ဟာလည်း မကြာသေးခင်ကမှ Ariana ကို ရည်ညွှန်းထားတဲ့ tatto အသစ်နှစ်ခုကို instagram မှာ တင်ထားပါသေးတယ်။ သူတို့နှစ်ဦးဟာ ဒီလတွေမှာ  instagram ရဲ့ comment တွေပေါ်မှာလည်း တစ်ယောက်ကိုတစ်ယောက် ကျီစားကလူပြီး တင်နေကြတာပါ။

i thought u into my life ? woah ! look at my mind ?⚡️?

A post shared by Ariana Grande (@arianagrande) on

ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေမှာလည်း Arianaက ” I love u sm ” ဆိုတဲ့စာသားလေးကို တွစ်တာပေါ်မှာတင်ထားပါသေးတယ်။ Pete တစ်ယောက်ကို Ariana နဲ့ပတ်သက်ပြီးမေးလိုက်တဲ့ အခါမှာတော့ ” ဒါက တကယ့်သတင်းပဲ ဟုတ်တယ်မလား။ ” လို့ စကားစပြီးနောက်မှာတော့ ” ခုချိန်မှာ တကယ့်ကိုထီပေါက်နေသလိုပဲဖြစ်ကြောင်း သူဟာဒီလောက်ကံကောင်းတာ သူ့ကိုယ်သူမယုံနိုင်ကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါတယ်။ Pete နဲ့ Arianaတို့နှစ်ဦးဟာ 2016 ခုနှစ် Saturday Night Live show အတွက် Ariana တစ်ယောက် အစီအစဉ်မှူးအဖြစ် ပါဝင်ခဲ့စဉ်ကတည်းက သိကျွမ်းခဲ့ကြတာပါ။ သူတို့နှစ်ဦးဟာ တော်တော်ခင်မင်ကြပေမယ့် နှစ်ဦးစလုံးမှ ဆိုင်သူအသီးသီးရှိနေတဲ့အတွက် သူငယ်ချင်းအဆင့်နဲ့ပဲ ဖြူဖြူစင်စင် ခင်မင်ခဲ့ကြတာပါ။ နှစ်ဦးစလုံး တစ်ကိုယ်တည်းဖြစ်သွားတဲ့အခါမှသာ လက်တွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူငယ်ချင်းတွေအဖြစ်ကနေ အရမ်းချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကို ရောက်ရှိသွားတဲ့သူတို့နှစ်ဦးကို လုပ်ဖော်ကိုင်ဖက်တွေအားလုံးကသဘောတူကြပြီး သတင်းကောင်းကို စောင့်မျှော်လျှက်ရှိနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *