အမေရိကန်ပရိသတ်တွေကို K-Pop အကြောင်းနဲ့ပတ်သက်ပြီး သိကောင်းဖွယ်ရာတွေပြောပြခဲ့တဲ့ Eric Nam

Korean-American အဆိုတော်/တေးရေးဆရာတစ်ဦးဖြစ်တဲ့ Eric Nam ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ည Pyeongchang Winter Olympics ရဲ့ Ice Dance ပြိုင်ပွဲအပြီးမှာ အမေရိကန် Sports Commentator တွေဖြစ်တဲ့ Johnny Weir နဲ့ Tara Lipinski တို့နဲ့ စကားလက်ဆုံပြောခဲ့ကြပါတယ်။ အမေရိကန် Broadcasting Network တစ်ခုဖြစ်တဲ့ NBC ရဲ့ အဆိုပါ အင်တာဗျူးမှာ Eric ဟာ Kpop နဲ့ပတ်သက်ပြီး သိကောင်းဖွယ်ရာတွေကို အမေရိကန်ပရိသတ်တွေကိုရှင်းပြခဲ့ပါတယ်။

Eric ဟာ US မှာ အဆိုတော်တစ်ယောက်အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းမပြုဘဲ Korea ကိုလာပြီး Kpop Star တစ်ဦးအဖြစ် အသက်ရှင်နေထိုင်ရတာကို ပိုသဘောကျတယ်လို့ဆိုပါတယ်။ “Kpop က သူ့အတွက် အခွင့်အရေးတွေအများကြီးပေးခဲ့တဲ့ အနုပညာအမျိုးအစားတစ်ခုပါ။ အရင်က US နဲ့ အနောက်တိုင်းနိုင်ငံတွေက ပရိသတ်တွေအနေနဲ့က Asian အဆိုတော်တွေကိုအားပေးဖို့ အဆင်သင့်မဖြစ်ကြပေမယ့် အခုဆို Kpop က ကမ္ဘာကျော်တဲ့ ဂီတအမျိုးအစားတစ်ခု ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့၇ နှစ်၊ ၈နှစ်လောက်က ဒီလိုအခွင့်ရေးမျိုးမရခဲ့ပေမယ့် အခုဆို အားလုံးက မျက်စိဖွင့်နားစွင့်နဲ့နေကြတော့ သူတို့လို Kpop Star တွေအတွက် ကမ္ဘာတဝန်းက Kpoper တွေကိုရရှိပိုင်ဆိုင်ခဲ့ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် Eric ဟာ သူ့ရဲ့ သီချင်းတွေကိုဖန်တီးရာမှာ အင်္ဂလိပ်ဘာသာစကားနဲ့ အရင်ရေးသားလေ့ရှိပြီး ပြီးမှ ကိုရီးယားဘာသာစကားသို့ ပြောင်းလဲပါတယ်လို့ Johnny နဲ့ Tara ကိုပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အောင်မြင်လာရတဲ့အရည်အချင်းအချို့နဲ့ နည်းလမ်းလေးတွေကိုလည်းပြောပြခဲ့ပါတယ်။ Eric Nam ဟာ တေးရေးတေးဆိုအကျော်အမော်တစ်ဦးသာမက Entertainer, Television Presenter တစ်ဦးအဖြစ်လည်းနာမည်ကြီးပါတယ်။ သူအခုလိုအောင်မြင်ကျော်ကြားလာရတဲ့အကြောင်း အသေးစိတ်ကိုတော့ NBC Olympics’s Official Website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

We take our olympic karaoke seriously. #pyeongchang2018

A post shared by 에릭남 Eric Nam (@realericnam) on

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *