EXO အပါအဝင် SM Artists ၃၅ ယောက်ရဲ့ Dubai မှာကျင်းပမယ့် “SMTOWN LIVE” Concert

SM Entertainment က April 6 ရက်နေ့မှာ SM artists တွေဖြစ်ကြတဲ့ Kangta, BoA, TVXQ, Super Junior, Girls’ Generation, SHINee, f(x), EXO, Red Velvet, TRAX နဲ့ Super Junior-M’s Henry တို့အပါအဝင် artist ၃၅ ယောက်ပါဝင်မယ့် “SMTOWN LIVE” Concert ကို Dubai မှာရှိတဲ့ Music Tour တွေအများဆုံးကျင်းပရာ နေရာတစ်ခုဖြစ်တဲ့ Autism Rocks Arena မှာ ကျင်းပမှာဖြစ်ပါတယ်။

၂၀၀၈ ကတည်းက SM ဟာ New York City, Paris, Tokyo နဲ့ Beijing အစရှိတဲ့ နိုင်ငံတော်တော်များများမှာ အခုလို Concent တွေကို ကျင်းပခဲ့ပေမယ့် Dubai မှာတော့ ဒီလိုမျိုး artists များစွာပါဝင်တဲ့ Concert မျိုး ကျင်းပတာတော့ ပထမဉီးဆုံး ဖြစ်ပါတယ်။

January လကမှ Dubai ကို သွားရောက်ခဲ့ EXO ဟာလည်း ဒီ Concert နဲ့ Dubai ကို ဒုတိယအကြိမ် ထပ်မံသွားရောက်မှာ ဖြစ်ပါတယ် (Dubai က EXO-L တွေဘယ်လောက်တောင် ကံကောင်းလိုက်လဲ ! မနာလိုတောင်ဖြစ်မိပါတယ် ?)။ EXO တင်မက SM ရဲ့ artists တွေအများစု ပါဝင်မယ့် Concert ကြီးဖြစ်လို့ Dubai က EXO-L တွေနဲ့ Kpoper တွေနဲ့အတူ အမိုက်စား Performance တွေကြည့်ဖို့ April 6 ကို ရင်ခုန်ရင်းစောင့်မျှော်နေမိပါတယ်။

Ref: 117 Live

Leave a Reply

Your email address will not be published. Required fields are marked *