EXO အဖွဲ့နဲ့ CL တို့ Olympic ပိတ်ပွဲရဲ့ သတင်းစာရှင်းလင်းပွဲကိုတက်ရောက်

KPOP လောကရဲ့နာမည်ကြီး Boy Group တစ်ခုဖြစ်တဲ့ EXO အဖွဲ့နဲ့ တောင်ကိုရီးယားနိုင်ငံမှာသာမက အနောက်တိုင်းနိုင်ငံအချို့မှာပါ အောင်မြင်ကျော်ကြားတဲ့ CL တို့အတူ ‘Pyeongchang Winter Olympic’ အားကစားပွဲတော်ကြီးရဲ့ ပိတ်ပွဲအခမ်းအနားနဲ့စပ်လျဉ်းတဲ့ သတင်းစာရှင်းလင်းပွဲကိုတက်ရောက်ခဲ့ပါတယ်။ Closing Ceremony မှာ EXO နဲ့ CL တို့ကို ကိုရီးယားအနုပညာရှင်တွေကိုယ်စားတက်ရောက်ရန် အိုလံပစ်ကော်မတီ (IOC) မှသေချာရွေးချယ်ထားခဲ့တာပဲဖြစ်ပါတယ်။

Closing Ceremony နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ EXO အဖွဲ့သားအားလုံးက အိုလံပစ်အမှတ်တံဆိပ်မျက်မှန်တွေကိုတပ်ဆင်ပြီးတက်ရောက်ခဲ့ပါတယ်။ ဖက်ရှင်ဆန်းဆန်းတွေဝတ်စားတတ်တဲ့ CL ကတော့ ထုံးစံအတိုင်း ဆန်းသထက်ဆန်းတဲ့ Fashion နဲ့အတူ သတင်းစာရှင်းလင်းပွဲကို တက်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ၂၅ ရက်နေ့မှာကျင်းပပြုလုပ်မယ့် Pyeongchang Winter Olympic အားကစားပွဲရဲ့ ပိတ်ပွဲအခမ်းအနားအတွက် CL က 2NE1 ရဲ့ I’m the best သီချင်းကို သူမရဲ့ Style သူမရဲ့ သရုပ်ဆောင်မှုတွေနဲ့အဆင်ပြေအောင် အထပ်ထပ်လေ့ကျင့်နေတာကိုတွေ့ရပါတယ်။ EXO အဖွဲ့ကတော့ Growl တေးသီချင်းကိုလေ့ကျင့်နေတာတွေကို KBS TV Programme တစ်ခုမှာရိုက်ကူးထုတ်လွှင့်ပြသခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် Pyeongchang Winter Olympic ပိတ်ပွဲအခမ်းအနားကို ၂၅ ရက်နေ့ ည ၈ နာရီကျော်အချိန်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ကဲ ၂၅ရက်နေ့မှာ EXO နဲ့ CL တို့ပါဝင်ဖျော်ဖြေမယ့် ခမ်းနားတဲ့ပိတ်ပွဲကို ရင်ခုန်စွာနဲ့ ကြည့်ရှုအားပေးကြရအောင်လား…

A post shared by EXO D.O (@galerydyo) on

A post shared by CL (@chaelincl) on

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *