မပေါ်လာတာကြာပြီဖြစ်တဲ့ EXO CBX ရဲ့ လာမယ့် April မှာ ရောက်လာတော့မယ့် Comeback

EXO ရဲ့ Main Vocal တွေဖြစ်တဲ့ Chen, Baekhyun နဲ့ Xiumin တို့နဲ့ပါဝင်ဖွဲ့စည်းထားတဲ့ Sub Unit Group လေး EXO-CBX ဟာ လာမယ့် April Comeback အတွက် ပြင်ဆင်နေကြပြီလို့ဆိုပါတယ်။ EXO CBX ဟာ ၂၀၁၆ အောက်တိုဘာ ၂၆ မှာ Member သုံးယောက်နဲ့အတူ ‘Hey Mama!’ လို့အမည်ရတဲ့ mini-album နဲ့ debut လုပ်ခဲ့ပါတယ်။ Debut လုပ်ပြီး ၁နှစ်ခွဲအကြာမှ ဒီ Comeback ပြန်ရောက်လာတာလည်းဖြစ်ပါတယ်။

EXO Member အားလုံးဟာ The EℓyXiOn World Tour တွေနဲ့ အလုပ်ရှုပ်နေကြတဲ့အထဲ EXO-CBX comeback ပါ လာတော့မယ်ဆိုတော့ EXO-L တွေအတွက်ကတော့ ဝမ်းသာစရာ သတင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်ကပြုလုပ်ကျင်းပခဲ့တဲ့ PyeongChang 2018 Olympic အပိတ်ပွဲမှာ Strongest Prefomance တွေနဲ့ ဖျော်ဖြေခဲ့ပြီးတဲ့နောက် Media တွေကြားမှာ ပလူပျံသွားခဲ့ပြီး သတိမထားမိပဲ မနေချင်လောက်အောင် ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပါသေးတယ်။

ကဲ EXO-L တို့ရေ အခုလောလောဆယ်တော့ Stay Tuned ပါလို့ !! ?

Leave a Reply

Your email address will not be published. Required fields are marked *