Exo အဖွဲ့ရဲ့ Kai လေးက Drama ဇာတ်ကားအသစ်မှာပါဝင်သရုပ်ဆောင်ဖို့ Confirm လုပ်ခဲ့

Exo ဆိုတာနဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ ကောင်လေးချောချောလေးတွေပါတဲ့ K-Pop Boy Group တစ်ခုဆိုတာကို ပြေးမြင်ကြမှာပါ။ ခု Exo ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆွဲဆောင်မှုအပြည့်နဲ့ အဆိုတော်မင်းသားချောလေး Kai ကတော့ KBS ကနေထုတ်လွှင့်ပြသမယ့် Drama အသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ရှိတယ်လို့ ကြားသိခဲ့ရပါတယ်။

Kai က ဖေဖော်ဝါရီလ၂၅ ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ‘Pyeongchang Winter Olympic’ ပိတ်ပွဲမှာ ရိုးရာအကနဲ့တင်ဆက်ဖျော်ဖြေပေးခဲ့ပါသေးတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ KBS ကနေထုတ်လွှင့်ပြသမယ့် ‘Miracle That We Met’ ဇာတ်ကားရဲ့ တာဝန်ရှိသူတစ်ဦးမှနေပြီး “Kai ကဒီဇာတ်ကားမှာ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Myung Min, Kim Hyun Joo, Ra Mi Ran, Go Chang Suk တို့နဲ့အတူတကွ ယှဉ်တွဲသရုပ်ဆောင်မှာပါ” ဆိုပြီးပြောပြလာခဲ့ပါတယ်။ ‘Miracle That We Met’ ဆိုတဲ့ ဇာတ်ကားလေးကတော့ နာမည်တူအသက်တူတဲ့အခြားလူတစ်ယောက်နဲ့ နေရာချင်းလဲပြီးနေထိုင်နေရတဲ့ အမျိုးသားတစ်ဦးရဲ့ ထူးခြားတဲ့အဖြစ်အပျက်အကြောင်းကိုရိုက်ကူးထားတာပါ။

A post shared by KAI (@kaijexo) on

ဒီ Drama ထဲမှာတော့ Kai က ငယ်ရွယ်ပြီးခွန်အားပြည့်ဝတဲ့ Messenger တစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ကြီးမားတဲ့ အမှားအချို့ကြောင့် Drama မှာပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ဘဝတွေကို အပြောင်းအလဲဖြစ်လာအောင်ပြုလုပ်ခဲ့သူ Ato အဖြစ်နဲ့ပါဝင်သရုပ်ဆောင်မှာပါ။ Kai က မနှစ်ကလည်း KBS ကနေထုတ်လွှင့်ပြသခဲ့တဲ့ ‘Andante’ ဆိုတဲ့ Drama မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မကြာသေးခင်ကာလကလည်း Kai ဟာ ဂျပန်နိုင်ငံရဲ့ Drama Series တစ်ခုဖြစ်တဲ့ ‘Spring Has Come’ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပါသေးတယ်။

‘Miracle That We Met’ ဇာတ်ကားကိုတော့ ဒါရိုက်တာ Baek Mi Kyung နဲ့ Lee Hyung Min တို့က ရိုက်ကူးကြမှာပါ။ သူတို့တွေကတော့ အရမ်းကိုရေပန်းစားခဲ့ကြတဲ့ Drama တစ်ခုဖြစ်တဲ့ ‘Strong Woman Do Bong Soon’ ဆိုတဲ့ဇာတ်ကားရဲ့ ဇာတ်ညွှန်းဒါရိုက်တာတွေပဲ ဖြစ်ကြပါတယ်။ ဇာတ်ညွှန်းဒါရိုက်တာဖြစ်တဲ့ Baek Mi Kyung က ‘Woman Of Dignity’ နဲ့ ‘My Love Eun Dong’ ဆိုတဲ့ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်အဖြစ်လည်း အောင်မြင်ကျော်ကြားခဲ့ပါသေးတယ်။ ‘Miracle That We Met’ ဆိုတဲ့ Drama အသစ်လေးကိုတော့ ‘Radio Romance’ အပြီးမှာ စတင်ရိုက်ကူးဖို့အတွက် Schedule တွေကိုသတ်မှတ်ထားတယ်လို့သိရပါတယ်။ Exo အဖွဲ့ရဲ့ Kai ကို ရုပ်ရှင်ဇာတ်လမ်းတွဲအသစ်မှာ ကာရိုက်တာဆန်းဆန်းလေးနဲ့တွေ့မြင်ရဖို့အတွက် ရင်ခုန်နေကြတယ်ဟုတ်…။ ?

A post shared by KAI (@kaijexo) on

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *