သံစဉ်လေးထဲ မေ့မျောသွားစေမယ့် EXO ရဲ့ အသစ်စက်စက် MV – Universe

အားလုံးပဲအကြီးကြီးစောင့်မျှော်နေရတဲ့ EXO ရဲ့ နောက်ဆုံး Album ဖြစ်တဲ့ Universe ကတော့ ထွက်ရှိလာပါပြီ။ သီချင်းလေးကရော MV ကိုရိုက်ထားတာပါ လုံးဝကိုအပျံစားပါပဲ။ သံစဉ်ငြိမ့်ငြိမ့်လေးသွားနေတာနဲ့ ကော်ဖီဆိုင်ထဲက member တစ်ယောက်ချင်းစီရဲ့ရိုက်ကွက်လေးတွေက လိုက်ဖက်ညီပြီးလှပလွန်းတာမို့ ဒီသီချင်းကိုစောင့်ရကျိုးနပ်သွားပါတယ်။ MV တစ်ခုလုံးကို နွေးထွေးတဲ့အရောင်လေးတွေရွေးချယ်အသုံးပြုထားတာမို့ ကြည့်လိုက်တာနဲ့ တစ်ကိုယ်လုံးနွေးထွေးသွားသလားမှတ်ရပါတယ်။ EXO ချစ်သူတွေ ဒီဆောင်းတွင်းကို ဒီသီချင်းလေးနဲ့ဖြတ်သန်းလို့ရသွားပါပြီ။

ဒီ Album မှာ စုစုပေါင်းသီချင်း ၈ ပုဒ်ပါဝင်မှာဖြစ်ပါတယ်။ အဲဒါတွေကတော့ –
1. Universe
2. 為心導航 (Universe)
3. 지나갈 테니 (Been Through)
4. Stay
5. Fall
6. Good Night
7. Lights Out
8. Universe (CD Version)

လောလောဆယ်မှာတော့ title track ဖြစ်တဲ့ Universe ရဲ့ MV လေးကိုအရင်ကြည့်လိုက်ကြပါဦး။ ဒီ Album ရဲ့ teaser ပုံလေးတွေကို ဒီနေရာ မှာသွားရောက်ကြည့်ရှုနိုင်ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *