တစ်ကိုယ်စီ ရွက်လွှင့်ကြတော့မယ့် Fifth Harmony

Worth it, Work from Home သီချင်းတွေနဲ့ ပုရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ကြတဲ့ Fifth Harmony ဟာ အဖွဲ့အဖြစ်ကနေ ရပ်ဆိုင်းပြီး တစ်ကိုယ်တော်အနေနဲ့သာ ရပ်တည်သွားကြတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ အဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းလိုက်တာမဟုတ်ပဲ တစ်ဦးချင်းစီအနေနဲ့ လုပ်ချင်တာလေးတွေလုပ်ကြည့်နိုင်ဖို့အတွက် အချိန်ခဏတာ ယူကြည့်ကြမှာပါလို့ပြောထားပါတယ်။

ရုတ်တရက်ကြီး အဲ့လိုသတင်းတွေကြားရတော့ အက်မင်တောင် shocked  ရသွားပါတယ်။ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Camila Cabello တစ်ယောက်ထွက်တာမှ တစ်နှစ်ကျော်လောက်ရှိသေးတယ် အခုလို အဖွဲ့ကြီးကို ဆက်မလုပ်ကြတော့ဘူးဆိုတော့ ကြေကွဲပြီလေ။

A post shared by Fifth Harmony (@fifthharmony) on

Fifth Harmony ဟာ The X-factor ကနေနာမည်ရလာတဲ့ အဖွဲ့ဖြစ်ပြီး အတူတူလက်တွဲလာကြတာ ခြောက်နှစ်တောင်ရှိခဲ့ပါပြီ။ အဖွဲ့ဝင်တွေအားလုံးကတော့ ခြောက်နှစ်တိုင်တိုင်အားပေးခဲ့ကြတဲ့ Harmonizer တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိကြောင်း ဒီနှစ်အကုန်အထိတော့ စီစဉ်ထားတဲ့ show တွေကို အစီအစဉ်အတိုင်းပဲ ဖျော်ဖြေသွားဦးမှာပါလို့ ပြောထားခဲ့ပါတယ်။

အခုလို Girl band တွေရှားပါးနေတဲ့အချိန်ကြီးမှာ အရည်အချင်းရှိနေတဲ့ သူတို့လိုအဖွဲ့လေးဖျက်သိမ်းတော့မယ်ဆိုတာ တော်တော့်ကို စိတ်မကောင်းစရာသတင်းဖြစ်သလို နှမြောစရာလဲ အရမ်းကောင်းပါတယ်။ သူတို့အနေနဲ့ကတော့ အဖွဲ့အဖြစ်ကနေ ခဏတာရပ်နားတာလို့ ပြောကြပေမယ့် One Direction လိုမျိုး တော်တော်နဲ့ ပြန်မတွဲဖြစ်ကြတော့မှာကို စိတ်ပူမိပါတယ်။

တစ်ကိုယ်တော် ကိုယ်ကြိုက်ရာ သီချင်းအမျိုးအစားတွေကို လွတ်လွတ်လပ်လပ်လုပ်ကြည့်ချင်ကြတာကို နားလည်ပေမယ့် သိပ်မကြာတဲ့အချိန်မှာပဲ ပြန်လက်တွဲလုပ်ကြပါစေလို့ မျှော်လင့်မိပါတယ်။ အက်မင့်အကြိုက်ဆုံး အသည်းလေး Lauren တစ်ယောက်လဲ Camila လိုမျိုး အောင်မြင်ပါစေလို့ ဆုတောင်းပေးနေမှာပါ။ ယူတို့ရော ကိုယ်အကြိုက်ဆုံးအဆိုတော်လေးကို ဆုတောင်းပေးသွားကြပါဦးနော်……

Leave a Reply

Your email address will not be published. Required fields are marked *