‘Fifty Shades Freed’ ရဲ့ Soundtrack တွေ နားထောင်လို့ရပြီ

Fifty Shades Trilogy ရဲ့ နောက်ဆုံးဇာတ်ကားဖြစ်တဲ့ Fifty Shades Freed ကို အနောက်နိုင်ငံတွေမှာပြသနေပြီဖြစ်ပြီး ဇာတ်ကားစတင်ပြသတာနဲ့ တစ်ပြိုင်နက်လိုလိုပဲ သူ့ရုပ်ရှင်မှာပါဝင်တဲ့ သီချင်းတွေကိုစုစည်းထားတဲ့ Soundtrack Album ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Fifty Shades ဇာတ်ကားတွေက ဇာတ်လမ်းပိုင်းအရ သူ့ဟာသူဘာကြီးပဲဖြစ်နေဖြစ်နေ သူ့ရဲ့ဇာတ်ဝင်သီချင်းလေးတွေကတော့ ကောင်းရှာပါတယ်။ ဒီ album မှာ Hailee Steinfeld နဲ့ BloodPop တို့ရဲ့ “Capital Letters”, Liam Payne နဲ့ Rita Ora တို့ရဲ့ “For You” စတဲ့ collab သီချင်းတွေအပြင် သီချင်းပေါင်းများစွာပါဝင်တာမို့ ဇာတ်ကားမကြည့်ရသေးရင်လည်း ကြိုပြီးနားထောင်ထားကြည့်လိုက်ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *