G-Dragon အတွက် လေ့ကျင့်ရေးကျောင်းအထိလာရောက်အားပေးခဲ့ကြတဲ့ GD ရဲ့အချစ်တော်ပရိသတ်ကြီး

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Bigbang ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ G-Dragon တစ်ယောက်ကတော့ စစ်မှုထမ်းဖို့အတွက် တပ်ထဲဝင်သွားခဲ့ပါပြီ။ G-Dragon က စစ်တပ်ထဲကိုစစ်မှုထမ်းသွားရမယ့်နေ့မှာ သူ့ကို လာရောက်မနှုတ်ဆက်ဖို့ သူ့ရဲ့ Fan တွေကို Officially အသိပေးထားခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ GD ဟာ Fan တွေအတွက် နှုတ်ဆက်ပွဲတွေပြီးတော့ Special Event တွေကို သူဘာတစ်ခုမှလုပ်ပေးနိုင်ဖို့ မဖြစ်နိုင်လို့ပါတဲ့။

ဒါပေမယ့် Fan လေးတွေကတော့ Cheorwon မြို့မှာရှိတဲ့ လေ့ကျင့်ရေးကျောင်းရှေ့မှာ G-Dragon ကို အားပေးရင်း လာရောက်နှုတ်ဆက်ခဲ့ပါတယ်။ GD ရဲ့ ကိုရီးယားမှာရှိတဲ့ Fan တွေသာမက ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတွေက Fan တွေက GD လေးအတွက်ဆုတောင်းပေးရင်း နှုတ်ဆက်ခဲ့ကြပါတယ်။ Fan တွေကတော့ GD စစ်မှုထမ်းတာဝန်ထမ်းဆောင်လို့ပြီးတဲ့အချိန်ထိ သူ့ကိုအားပေးရင်း ဆက်လက်စောင့်မျှော်နေမှာပါဆိုပြီး ကတိတွေပေးရင်း GD ကိုအားဖြစ်စေခဲ့ပါတယ်။ G-Dragon တာဝန်ထမ်းဆောင်ရမယ့် တပ်ခွဲကတော့ နာမည်ကြီး “White Skull” တပ်ပဲဖြစ်ပါတယ်။ “White Skull” မှာတော့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Joo Won နဲ့ Ji Chang Wook တို့နှစ်ဦးက စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေကြဆဲပဲဖြစ်ပါတယ်။

A post shared by G-DRAGON (@ibgdrgn.xx.x) on

G-Dragon ရဲ့အစ်မဖြစ်သူ Dami Kwon က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သူမရဲ့မောင်လေးနဲ့အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို သူမရဲ့ Instagram မှာတင်ရင်း “သူမဘာကိုမှရေးသားဖော်ပြချင်စိတ်မရှိပေမယ့် သူမရဲ့မျက်ရည်တွေက သူမမောင်လေးနဲ့ခွဲခွာရမှာဖြစ်တဲ့အတွက် မရပ်တန့်ခဲ့ပါဘူး။ ကျန်းကျန်းမာမာနဲ့ အန္တရာယ်ကင်းကင်း ပြန်လာခဲ့ပါ။ ဒီတလောကလုံးမှာ GD ကိုသာအချစ်ဆုံးပါ” ဆိုပြီးရေးသားထားပါတယ်။ G-Dragon ရဲ့ စစ်မှုထမ်းတာဝန်ပြီးဆုံးမယ့်ရက်ကတော့ ၂၀၁၉ ခုနှစ်နိုဝင်ဘာလ ၂၆ ရက်နေ့ပဲဖြစ်ပါတယ်။ ကဲ… GD ရဲ့ fashion ဆန်းဆန်းလေးတွေကို လွမ်းဆွတ်ရင်း သူပြန်လာမယ့်ရက်လေးကို အချစ်တွေအပြည့်နဲ့စောင့်မျှော်ပေးကြပါဦးနော်….။

Ref: (1), (2)

Leave a Reply

Your email address will not be published. Required fields are marked *