Coffee Shop လေးအသစ်ဖွင့်ဖို့ကြိုးစားနေတဲ့ G-Dragon

Bigbang အဖွဲ့ရဲ့ လူကောင်သေးသေးလေးနဲ့ ချစ်ဖို့အရမ်းကောင်းတဲ့ အဆိုတော်လေး G-dragon က Jeju ကျွန်းမှာ Cafe Shop လေးတစ်ခုထပ်ပြီးဖွင့့်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ၂၀၁၅ အောက်တိုဘာလမှာ Aewol မှာ ကမ်းခြေလေးကိုမျက်နှာချင်းဆိုင်ပြီး ‘Cafe Monstant Aewol‘ ဆိုတဲ့ဆိုင်လေးကိုဖွင့်ခဲ့ပါတယ်။

GD ဟာ ၂၀၁၇ နှစ်ကုန်လောက်မှာ ပြုလုပ်ခဲ့တဲ့ Bigbang ရဲ့ ‘Last Dance’ concert ပွဲပြီးထဲက Jeju ကျွန်းကိုလာရောက်နေထိုင်ပြီး ‘Shinwa World Resort’ မှာ သူ့ရဲ့ New Cafe လေးဖြစ်တဲ့ ‘GD Cafe’ နဲ့ Bowling Center ဖွင့်ဖို့အတွက်အားစိုက်ခဲ့ပါတယ်။ GD ကအခုဖွင့်မယ် Coffee shop အတွက် အတွင်းပိုင်းဒီဇိုင်းကို သူ့ရဲ့ကိုယ်ပိုင်စိတ်ကူးလေးနဲ့ ဖန်တီးအလှဆင်နေတာ ပြီးလုပြီးခင်ဖြစ်နေပါပြီ။ Cafe ဒီဇိုင်းကိုတော့ Jmy ဆိုတဲ့ ဗိသုကာပညာရှင်နဲ့အတူ စိတ်ကူးအကြံဉာဏ်ဆန်းဆန်းလေးတွေနဲ့ တည်ဆောက်ခဲ့ပါတယ်။ Jmy ရဲ့ဖန်တီးနိုင်စွမ်းကလည်းမသေးဘူးဆိုတာ အောက်မှာပါတဲ့ Building Design လေးကိုကြည့်ပြီး ပရိသတ်ကြီးတို့ဆုံးဖြတ်လိုက်ပါတော့နော်။

GD ဟာနဂိုထဲက စိတ်ကူးကောင်းကောင်းနဲ့ Fashion ဆန်းဆန်းလေးတွေ ဖန်တီးတတ်သူတစ်ဦးဆိုတာ သိတယ်ဟုတ်..။ ခုအသစ်ဖွင့်မယ့် Cafe လေးကိုတော့ အလန်းဆုံးဒီဇိုင်းနဲ့ Service ကိုမျှော်လင့်နိုင်ပါတယ်ရှင့်။ GD ကဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စစ်မှုထမ်းဖို့ အမိန့်ကျထားပါတယ်။ သူကဒီ Cafe အသစ်လေးကို သူစစ်မှုထမ်းမသွားခင်၂ရက်အလိုမှာဖွင့်ဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းနေပါတယ်။ သူ့ရဲ့ Bowling Center ကိုတော့ March လထဲမှာ ဖွင့့်မှာပါလို့ပြောပါတယ်။

Cafe နှစ်ဆိုင်လုံးက Jeju ကျွန်းမှာပဲဖွင့်ထားတာပါ။ ပထမတစ်ဆိုင်ကလည်း သူရွေးချယ်ထားတဲ့ View , Cafe Design တွေနဲ့ အတွင်းပိုင်း Decoration တွေကြောင့် ခရီးသွားဧည့့်သည်တွေကြား ရေပန်းစားခဲ့ပါတယ်။ အခုအသစ်ဖွင့်မယ့် ‘GD Cafe’ ကလည်း ပထမတစ်ဆိုင်ထက် အပြင်အဆင် ဖန်တီးမှု အားမနည်းဘူးဆိုတာ GD Fan လေးတွေအားလုံးရိပ်မိမှာပါ။ ကဲ.. အားလုံးပဲ GD ရဲ့ကော်ဖီဆိုင်အသစ်ဖွင့်ပွဲလေးကိုစောင့်ကြည့်ရင်း ရင်ခုန်လိုက်ကြရအောင်နော်…..။

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *