Gay ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောကြားထားတဲ့ အဆိုတော် Holland ရဲ့ Debut Song – ‘Neverland’

Holland ဟာ ကိုရီးယား Idol လောကထဲက ပထမဦးဆုံး Gay idol တစ်ယောက်ဖြစ်လာသူပါ။ မကြာသေးမီလေးကမှ Solo Debut လုပ်မယ်လို့ကြေညာခဲ့ပြီး သူ့ကိုယ်သူ Gay တစ်ယောက်ပါလို့ ပွင့်ပွင့်လင်းလင်းမိတ်ဆက်လာတဲ့အတွက် လူအများကစိတ်ဝင်တစားနဲ့စောင့်ကြည့်ခြင်း ခံနေရသူတစ်ယောက်ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ သူရဲ့ပထမဦးဆုံးသီချင်းဖြစ်တဲ့ Neverland ရဲ့ MV ကို သူ့ရဲ့ Youtube မှာလွှင့်တင်ပေးလိုက်ပါတယ်။ ဒီသီချင်းမှာ ချစ်သူနှစ်ယောက်ကြားကအခက်အခဲတွေအကြောင်းကို သူ့ရဲ့ချိုသာတဲ့အသံနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းလေးသီဆိုထားတာကို နားဆင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Holland ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ MV လေးကလည်း ချစ်စဖွယ်လေးမို့လို့ သူ့ရဲ့နူးညံ့တဲ့သီချင်းစာသားနဲ့ အင်မတန်လိုက်ဖက်ညီပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့ K-Pop လောကကို ဒီလိုသတ္တိရှိရှိကြေညာပြီး ဝင်ရောက်လာတာကိုတော့ ချီးကျူးရမှာပါ။ အဲဒီ Youtube ဗီဒီယိုအောက်မှာလည်း ကမ္ဘာတစ်ဝန်းက K-Pop ပရိသတ်တွေ Holland ကိုအားပေးထားတဲ့ comment တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့သီချင်းကိုနှစ်သက်ကြသူတွေကလည်း Holland ရဲ့ sexual orientation ကြောင့်မဟုတ်ပဲ သူ့ရဲ့အနုပညာစွမ်းအားကြောင့် လူတွေကအားပေးကြတာမျိုးဖြစ်စေချင်တယ်လို့ မျှော်လင့်နေကြပါတယ်။

ကဲ.. Holland ရဲ့ ချစ်စဖွယ် MV လေးကို အောက်မှာကြည့်ရှုခံစားလိုက်ကြပါဦး…

Leave a Reply

Your email address will not be published. Required fields are marked *