ပန်းပင်တွေစိုက်ပြီး သာယာကြည်နူးပျော်ရွှင်နေကြတဲ့ Gigi နဲ့ Zayn

လူတွေအားကျပြီး ချစ်စရာကောင်းတဲ့ စုံတွဲလို့တင်စားရတဲ့ Gigi နဲ့ Zayn တို့ဟာ အခုဆိုရင် ဝန်ခံစရာမလိုလောက်အောင်ကို ပေါ်ပေါ်တင်တင် ပြန်တွဲနေကြပါပြီ။ နှစ်ဦးသဘောတူ ပျက်စဲခဲ့ကြပေမယ့်လည်း တွဲလာတဲ့သက်တမ်းတလျှောက် သံယောဇဉ်တွေကြောင့် မပျက်စဲနိုင်ကြသေးတာလို့ဘဲ ထင်မိပါတယ်။ မတ်လ ၁၃ ရက်နေ့မှာ တရားဝင်ပြတ်စဲခဲ့ကြပြီး ဧပြီလထဲမှာ ပြန်တွဲနေတယ်ဆိုတဲ့ ပုံတွေထွက်ရှိလာခဲ့ပေမယ့် နှစ်ဦးနှစ်ဖက်လုံးက ဝန်ခံခြင်းမရှိခဲ့ပါဘူး။ အခုဇွန်လမှာတော့ Gigi ကိုယ်တိုင်သူ့ရဲ့ Instagram story ကနေဝန်ခံလိုက်ပြီးနောက်မှာ အခုဆိုရင်တော့ ၂ယောက်လုံးအတူရှိနေတဲ့အကြောင်းကို ဓာတ်ပုံတွေတင်ပြီး ဝန်ခံလိုက်တာဖြစ်ပါတယ်။

golden hour ✨

A post shared by Gigi Hadid (@gigihadid) on

A post shared by Zayn Malik (@zayn) on

?

A post shared by Gigi Hadid (@gigihadid) on

?

A post shared by Zayn Malik (@zayn) on

mamma’s

A post shared by Gigi Hadid (@gigihadid) on

အခုဆိုရင်တော့ သူတို့နှစ်ဦးဟာ အရင်လိုချစ်ချစ်ခင်ခင်ချစ်သူစုံတွဲတွေလို သွားသွာလာလာနဲ့ လက်ရှိမှာ ပန်းပင်တွေစိုက်ပြီး သာယာပျော်ရွှင်နေကြတဲ့အကြောင်းကို နှစ်ဦးနှစ်ဖက်လုံးက ပုံတွေတင်ပြီး ဝန်ခံလိုက်ပါတယ်။ Gigi ကိုယ်တိုင်လည်း Zayn က ပန်းပေးနေတဲ့ပုံကို သူမရဲ့ Instagram story ကနေ အတူရှိနေကြောင်း ထပ်မံဝန်ခံလိုက်တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ fan တွေကတော့ Zigi come back ဆိုပြီး ပျော်ရွှင်နေကြပါတယ်။ ကိုယ်တွေလည်း သူတို့နှစ်ယောက်ပြန်တွဲတာမြင်ရတော့ အပျော်တွေကူးစက်ပြီး စိတ်ချမ်းသာပါတယ်ကွယ်…

Leave a Reply

Your email address will not be published. Required fields are marked *