GiGi နဲ့ပတ်သက်တဲ့ ပုံတွေတင်မက သူ့ရဲ့ Instagram ပုံတွေအားလုံးကိုပါ Delete လိုက်တဲ့ Zayn

မကြာသေးခင်ကမှ ပြတ်စဲသွားကြတဲ့ Gigi နဲ့ Zayn တို့နှစ်ယောက်ဟာ အခုချိန်မှာတော့ ပြန်လည်သင့်မြတ်ခြင်း မရှိတဲ့အပြင် အခြေနေတွေဟာ ပိုပြီးတော့ ဆိုးသွမ်းလာပါတယ်။ Gigi ဘက်ကတော့ အေးစက်တည်ငြိမ်နေပေမယ့် Zayn ဘက်ကတော့ Gigi နဲ့ပတ်သက်သမျှ လူတွေရဲ့ Instagram အပြင် Gigi ရဲ့ instagram ကိုပါ Unfollow လုပ်ထားပြီး အခုတော့ သူ့ရဲ့ Instagram ပေါ်မှာရှိတဲ့ Gigi နဲ့ပတ်သက်သမျှ ပုံတွေသာမက တခြားပုံတွေအားလုံးကိုပါ 8:50 a.m မှာ Delete လုပ်လိုက်ပါတယ်။ 

အခုချိန်မှာတော့ သူတို့နှစ်ယောက် ပြတ်စဲသွားပြီးနောက် အဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် ဘယ်သူမှားတယ်မှန်တယ်ဆိုတာကိုတော့ ခန့်မှန်းရခက်နေကြပါပြီ။ Gigi ဘက်က လမ်းခွဲလိုက်ပြီဆိုတဲ့ post ကို တင်ပြီးနောက် Zayn နဲ့ပတ်သက်ပြီး ဘာထူးခြားမှုမှ မရှိတော့ပေမယ့် Zayn ဘက်ကတော့ Gigi နဲ့ပတ်သက်သမျှ post တွေကို Delete လုပ်တာတာတွေ၊ Gigi’s Instagram ကို Unfollow လုပ်တာတွေ အခုထိရှိနေဆဲပါ။ 

သူတို့တွေ ပြတ်ဆဲတုန်းက ပြောကြားချက်အရဆိုရင်တော့ မချစ်ကြတော့လို့မဟုတ်ပဲ ဆက်ပြီးလက်တွဲသွားဖို့ မဖြစ်တော့တဲ့ အကြောင်းတစ်စုံတစ်ရာရှိလို့ လမ်းခွဲရတဲ့ပုံစံမျိုးနဲ့ ရေးခဲ့ကြတာပါ။ Zayn ဘက်ကတော့ Gigi နဲ့လက်တွဲခဲ့ရတဲ့အချိန်တွေမှာ ချစ်သူလို သူငယ်ချင်းလေးလို လေးစားမြတ်နိုးခဲ့ရတာဖြစ်ပြီး တကယ့်ကိုဘဝရဲ့ အဓိပ္ပါယ်တွေအပြည့်နဲ့ ပျော်ရွှင်ခဲ့ရကြောင်း၊ အခုလိုခက်ခဲတဲ့ဆုံးဖြတ်ချက်ချရတာကိုတော့ ပရိသတ်တွေနားလည်ပေးစေချင်ကြောင်းကို ပြောထားခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေး ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ဒီနေ့ထိအားလုံးက အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေကြဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *