သားအဖနှစ်ယောက်ကြား နီးကပ်တဲ့သံယောဇဉ်ရှိကြောင်းကို ပထမဦးဆုံးအကြိမ်ဖွင့်ပြောတဲ့ Eminem သမီး Hailie Scott

Eminem ရဲ့သမီး Hailie Jade Scott ကတော့ သူမနဲ့ သူမရဲ့ ဖခင်ကြားက သံယောဇဉ်ကြီးမားပုံကို ထူးထူးခြားခြား ဖွင့်ထုတ်ပြောဆိုခဲ့ပါတယ်။

သူမဒီအကြောင်းတွေကိုဖွင့်ပြောဖြစ်ခဲ့တာကတော့ တနင်္လာနေ့မှာထုတ်ဝေတဲ့ Daily Mail ရဲ့ အင်တာဗျူးတစ်ခုမှာ ရှားရှားပါးပါး သူမဖခင်နဲ့အကြောင်းကို ပြောပြဖြစ်ခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ ဆွေးနွေးပွဲမှာ မေးမြန်းသူဘက်က “မင်းရဲ့ဖခင်က အဘက်ဘက်ကိုထောက်ပံ့ပေးတဲ့သူမျိုးလား” လို့မေးတဲ့အခါမှာ Scott တစ်ယောက် လုံးဝတုံ့ဆိုင်းခြင်းမရှိပဲ “ဟုတ်တာပေါ့။ ငါတို့သားအဖနှစ်ယောက်ဟာ သိပ်ကိုအနေနီးကြတာ” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

A post shared by Hailie Scott (@hailiescott1) on

Scott ဟာ Eminem ရဲ့ ဇနီးဟောင်း Kim Mathers နဲ့ ရခဲ့တဲ့ တစ်ဦးတည်းသော သမီးအရင်းပါ။ Kim Mathers ဟာ ၂၀၀၆ခုနှစ် မပြတ်စဲခင်အထိ နှစ်ကြိမ်တိတိ ပြန်လည်လက်ထပ်ခဲ့တဲ့ ဇနီးဟောင်းဖြစ်ပါတယ်။ သမီးဖြစ်သူ Scott အကြောင်း Rap ဆိုထားတဲ့ “Monkingbird” ဆိုတဲ့သီချင်းကိုလည်း ၂၀၀၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Eminem ရဲ့ “Encore” album မှာ နားဆင်နိုင်ပါတယ်။ ဒီအပြင် “Revival” album ထဲက “Castle” ဆိုတဲ့ သီချင်းလေးတစ်ပုဒ်လုံးဟာလည်း Scott ကိုပဲ ရည်ညွှန်းသီဆိုထားတာပါ။ ထိုသီချင်းထဲမှာဆိုရင် Scott မွေးဖွားလာတဲ့အကြောင်းကနေ Scott ရဲ့ ငယ်စဉ်အကြောင်းအရာတစ်ချို့ပါ ထည့်သွင်းရေးစပ်ထားပါတယ်။

Scott တစ်ယောက်ကတော့ ခုချိန်မှာ စိတ်ပညာ ဘွဲ့ရတစ်ယောက်ဖြစ်နေပေမယ့် ဘာဆက်လုပ်မယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူးဆိုတဲ့ စာကြောင်းလေးကို instagram မှာ တင်ထားပါသေးတယ်။ လက်ရှိမှာတော့ သူမရဲ့ မိတ်ကပ် အရည်အချင်းတွေကို ထုတ်ဖော်ပြသနေပေမယ့် Scott အနေနဲ့ မီးရောင်တွေအောက်မှာ အလုပ်လုပ်ဖို့ သူမနဲ့ကိုက်ညီ မကိုက်ညီဆုံးဖြတ်နေဆဲပါပဲလို့ဆိုပါတယ်။ အခုလို ဆုံးဖြတ်ချက်တွေ ချဖို့ စဉ်းစားနေစဉ်အတော့အတွင်းမှာတော့ Scott တစ်ယောက် မီချီကန်မြို့မှာ ရှိတဲ့သူမရဲ့ အမေဖြစ်သူနဲ့အတူ နေထိုင်လျက်ရှိပါတယ်။ အချစ်ရေးမှာတော့ MSU ကျောင်းသားဖြစ်သူ McClinTock နဲ့ ၂နှစ်ကြာမျှ လက်တွဲလျက်ရှိပြီး သူမရဲ့ချစ်သူမှာလည်း Eminem ရဲ့ ပရိသတ်ဖြစ်တာကြောင့် သမီးရှင်ဖြစ်သူ Eminem တစ်ယောက် သိပ်ကို ဂုဏ်ယူလျက်ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *