Rock ဂီတချစ်သူတွေအတွက် Hannay and The Zens ရဲ့ မကြာမီထွက်ရှိတော့မယ့် ‘Fly High’

ပြည်တွင်း Rock band တစ်ခုဖြစ်တဲ့ Hannay and The Zens ရဲ့ Full Album ဖြစ်တဲ့ Fly High ထွက်ရှိဖို့ ရက်ပိုင်းသာလိုပါတော့တယ်။ လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့ထွက်ရှိမယ့်အဆိုပါ Album မှာ အဆိုရှင်/ဂီတာ Hannay Lwin Lwin, ဘေ့စ် Dalila Yusof နဲ့ ဒရမ် Nay Min Oo တို့ရဲ့လက်ရာ သီချင်းပေါင်း ၁၂ ပုဒ်တောင်ပါဝင်မှာဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၇ ဧပြီလတုန်းက “Summer of 17” လို့အမည်ရတဲ့ EP Album တစ်ခုထွက်ရှိထားပြီးဖြစ်ပါတယ်။ ဒီ Fly High Album ဟာ ဟန်ထူးလွင် (ကျားပေါက်) ရဲ့ label ဖြစ်တဲ့ Bipolarbear Product နဲ့ FG Entertainment တို့ရဲ့ ဒုတိယမြောက်ခြေလှမ်းလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ထွက်ရှိမယ့်ရက်ကို countdown လုပ်တဲ့အနေနဲ့ Hannay and The Zens စာမျက်နှာကနေပြီးတော့ အဖွဲ့နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်အချက်လေးတွေကို နေ့စဉ်တင်ပေးနေတာကိုတွေ့ရမှာပါ။

Producer ဖြစ်တဲ့ ကိုဟန်ထူးလွင်ကတော့ ဒီ album လေးက သူမတူဘဲ ထူးခြားတဲ့ရသကို ပေးစွမ်းနိုင်လိမ့်မယ်လို့ အာမခံထားပါတယ်။

ဒီ Album ဟာ ပြည်တွင်းဖြစ် Rock ဂီတစစ်စစ်ကို နားဆင်လိုသူတွေအတွက် စောင့်ကြည့်သင့်တဲ့ Album တစ်ခုဖြစ်တယ်လို့ ညွှန်းချင်ပါတယ်။ ကိုယ့်အကြိုက်နဲ့ ကိုက်နိုင်မကိုက်နိုင်ဆိုတာကို သူတို့ရဲ့ ပထမ album ဖြစ်တဲ့ “Summer of 17” ကို နားဆင်ကြည့်ပြီး အကဲဖြတ်ကြည့်နိုင်ပါတယ်။ နားဆင်ကြည့်လိုသူတွေအတွက် တကူးတကသွားမရှာရလေအောင် တစ်ပါတည်းအောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *