သူ့ရဲ့ sexuality နဲ့ပတ်သက်ပြီး သို့လောသို့လောဖြစ်စေခဲ့တဲ့ Harry Styles ရဲ့ Medicine!

Harry Styles တစ်ယောက်ဟာ Bisexual တစ်ယောက်ဖြစ်နေမလားဆိုပြီး social media ပေါ်မှာ တော်တော့်ကို ဝေဖန်ခံနေရပါတယ်။ Official release မလုပ်ရသေးပေမယ့်  သူ့ရဲ့  Tour မှာ live ဆိုခဲ့တဲ့ သီချင်း Medicine မှာပါတဲ့ စာသားတွေကြောင့် အဲ့လိုသတ်မှတ်ခံနေရတာဖြစ်ပြီး Harry ကတော့ တစ်စုံတစ်ရာပြန်ပြောထားတာမျိုး မတွေ့ရသေးပါဘူး။

The boys and the girls are here
I mess ’round a bit
And I’m okay with it
The boys and girls are here
I’m messing ’round with them
And I’m okay with it

ဆိုတဲ့ စာသားတွေကြောင့် ဝေဖန်နေသူတွေရှိသလို ကြိုဆိုထောက်ခံတဲ့ fan တွေလဲ မနည်းလှပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်နှစ်က အင်တာဗျူးတွေမှာဖြေခဲ့တဲ့ သူ့ရဲ့အဖြေတွေကို ပြန်လည်သုံးသပ်နေကြသူတွေလဲရှိပါသေးတယ်။ Miley Cyrus က သူဟာ pansexual တစ်ယောက်ပါလို့ ဝန်ခံထားခဲ့တာနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲလို့ မေးကြည့်တော့ အမြဲဆန်းသစ်တီထွင်နေရတဲ့ခေတ်ဖြစ်တာနဲ့အမျှ တိုးတက်တိုးထွက်ဖို့ကအရေးကြီးနေပါပြီ။ ဒီလိုမျိုး ပြောရဲတာမျိုးကတော့ မိုက်တယ် လို့ပြောခဲ့ပါတယ်။ ပြီးတော့ သူ့အနေနဲ့လဲ ဒီလိုမျိုးကိစ္စတွေပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာကိုလဲ အောက်ပါအတိုင်းပြောသွားခဲ့ပါသေးတယ်။

“It’s weird for me – everyone should just be who they want to be. It’s tough to justify somebody having to answer to someone else about stuff like that.”

ဒါတင်ပဲလားဆိုတော့ Harry  အနေနဲ့ ကိုယ့်ရဲ့ sexual ကို ကိုယ့်ဟာကိုယ် သေချာသတ်မှတ်ပြီးပြောရမယ်ဆိုရင် ဘာလို့ထင်လဲလို့မေးကြည့်တဲ့အခါမှာတော့ Yes, No ဆိုတဲ့ အဖြေဆိုတာမျိုးထက် ကိုယ်ဟာ ကျားဖြစ်တယ်မဖြစ်တယ်ဆိုတာမျိုးကို ဖြေရှင်းပြောကြားချက်ဆိုတာမျိုး မလိုအပ်ဘူးလို့ထင်တယ်လို့ ဖြေထားခဲ့ပါတယ်။ (ကိုယ်ဘာဖြစ်ပါတယ်ဆိုတာကို လူတကာကို ပြောနေစရာမလိုဘူးပေါ့ကွယ်။ တနည်းအားဖြင့်တော့ ကိုယ့်ဟာကိုယ် ဘာဖြစ်ဖြစ်ဆိုတဲ့သဘောပေါ့)

Harry ဟာလတ်တလောမှာတော့ တကိုယ်တော် Tour ထွက်နေတာဖြစ်ပြီး Anne နဲ့ Medicine ဆိုတဲ့ သီချင်းအသစ်နှစ်ပုဒ်ကို ဆိုထားပါတယ်။

ကဲ ဘာသဘောလားဆိုတာကိုတော့ သူ့သီချင်းကိုနားထောင်ကြည့်ပြီး ဆုံးဖြတ်ပေးလိုက်ကြပါနော်……

Leave a Reply

Your email address will not be published. Required fields are marked *