နားထောင်လိုက်ရင် စိတ်ချမ်းမြေ့သွားစေမယ့် Pentatonix အဖွဲ့ရဲ့ “Havana” Cover

Camila Cabello ရဲ့ ‘Havana’ သီချင်းလေးကတော့ မကြားချင်မှအဆုံးလို့တောင်ဆိုလို့ရတဲ့အထိ အောင်မြင်နေတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီလောက်အောင်မြင်နေတဲ့ သီချင်းတစ်ပုဒ်ဆိုတော့ Cover သီချင်းတွေထွက်မယ်ဆိုတာ ပြေးကြည့်စရာမလိုလောက်အောင်တောင် သေချာပါတယ်။

ဒီနေ့တော့ Myanmar Groove ပရိသတ်ကြီးကို ‘Havana’ ရဲ့ Cover သီချင်းလန်းလန်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါမယ်။ တော်ရုံတန်ရုံလောက်ဆိုတကူးတကပြောပြမနေပါဘူး.. ဒီ ‘Havana’ Cover ကို နာမည်ကြီး Pentatonix အဖွဲ့ကသီဆိုထားတာမို့လို့ပါ။

Pentatonix ဆိုတာက သူများရဲ့သီချင်းတွေကို သူတို့မူပိုင်စတိုင်ဖြစ်တဲ့ တူရိယာသံစဉ်တွေမပါဝင်ပဲ vocal harmonies, beatbox စတာတွေကိုအသုံးပြုပြီး Cover ပြန်ဆိုလေ့ရှိတဲ့အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ အထူးသဖြင့် ဂန္ဓဝင်ခရစ်စမတ်သီချင်းတွေရဲ့ Cover သီချင်းတွေနဲ့နာမည်ကြီးပါတယ်။ ၂၀၁၁ ခုနှစ်က အနုပညာခြေလှမ်းစတင်ခဲ့တဲ့ Pentatonix ဟာ ၇ နှစ်တာကာလအတွင်း ဂရမ်မီ ၃ ဆုတိတိ ဆွတ်ခူးပိုင်ဆိုင်ထားတဲ့ အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။

ကဲ.. သူတို့ရဲ့ ‘Havana’ Cover လေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်.. နားထောင်ကြည့်လိုက်ကြပါဦး။ နှစ်သက်တယ်ဆိုရင် သူတို့ရဲ့အခြားသီချင်းတွေကိုလည်း စမ်းနားထောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *