Spotify အသုံးပြုသူတွေ တစ်နှစ်တာအတွင်း ကိုယ်အနားထောင်ဖြစ်ဆုံးသီချင်းတွေကို ပြန်ကြည့်နိုင်ပြီ

အခုလောလောဆယ် ကမ္ဘာတစ်ဝန်းက သီချင်းချစ်သူတွေကြားမှာခေတ်စားနေတာကတော့ Spotify Wrapped 2017 ဆိုတဲ့ hashtag နဲ့ တစ်နှစ်တာအတွင်းနားထောင်ခဲ့တဲ့သီချင်းတွေကို share နေကြတာပါ။ အဲဒီ hashtag နဲ့ပိုစ့်တွေဆိုတာ Facebook ၊ Twitter ၊ Instagram စတဲ့ Social Network တွေမှာ ပလူပျံနေတာပါပဲ။ တကယ်လို့သင်ဟာ Spotify user တစ်ယောက်ဆိုရင် သင်လည်းအဲဒီလိုမျိုးလုပ်လို့ရပါတယ်။ လုပ်ပုံလုပ်နည်းကလည်းလွယ်ကူပါတယ်။ Wrapped 2017 ကိုသွားပြီးတော့ မိမိရဲ့ Spotify account နဲ့ချိတ်လိုက်ရုံပါပဲ။ စက္ကန့်အနည်းငယ်စောင့်ပြီးရင်တော့ ဒီတစ်နှစ်တာအတွင်းမှာ သင်အနားထောင်ဖြစ်ဆုံး သီချင်း၊ အဆိုတော်၊ သီချင်းအမျိုးအစား စတာတွေကို တစ်စုတစ်စည်းတည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

 .         

အပေါ်မှာပြထားတာကတော့ ကျွန်တော့်ရဲ့ Spotify Wrapped 2017 ဖြစ်ပါတယ်။ Wifi ရမှ Spotify နားထောင်ရတဲ့ဘဝဆိုတော့ Total Playtime ကနည်းနည်းလေးဖြစ်နေပါတယ်။ Spotify သုံးတဲ့သူငယ်ချင်းတို့ရော.. ၂၀၁၇ ခုနှစ်ရဲ့ wrapped လေးတွေ ဘယ်လိုရှိကြသလဲ။ အပေါ်မှာပေးထားတဲ့ link ကနေ ကြည့်ရှုပြီး ကိုယ့်ရဲ့ Favorite သီချင်းတွေကို သူငယ်ချင်းတွေနဲ့မျှဝေပေးလိုက်ကြရအောင်လား။

Leave a Reply

Your email address will not be published. Required fields are marked *