‘The Greatest Showman’ ထဲကသီချင်းနဲ့ Billboard Hot 100 စာရင်းထဲ ပထမဆုံးအကြိမ်ဝင်ရောက်သွားတဲ့ Hugh Jackman

Wolverine မင်းသားကြီး Hugh Jackman ကတော့ သူ့ရဲ့တစ်သက်တာမှာ ပထမဆုံးအကြိမ် Billboard ရဲ့ Hot 100 စာရင်းထဲရောက်ဖူးသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပပြုလုပ်ခဲ့တဲ့ ၇၅ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူပါဝင်ထားတဲ့ ‘The Greatest Showman’ ဇာတ်ကားဟာ Best Original Song ဆုကို ‘This is me’ သီချင်းနဲ့ရရှိခဲ့ပြီးနောက်မှာ အဲဒီဇာတ်ကားထဲက ဇာတ်ဝင်သီချင်းတွေတော်တော်များများကို လူတွေနားထောင်နှုန်းမြင့်တက်သွားပါတယ်။ အဲဒါကြောင့် သူပါဝင်သီဆိုထားတဲ့ ‘The Greatest Show’ သီချင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက ကြက်ပျောက်ငှက်ပျောက်ဘဝကနေ ရုတ်တရက်ကြီး နံပါတ် ၉၅ နေရာကိုရောက်ရှိပြီး Hot 100 စာရင်းထဲပါဝင်လာတာဖြစ်ပါတယ်။

ဇာတ်ကားရဲ့ soundtrack တွေထဲက Billboard Hot 100 စာရင်းထဲဝင်ရောက်လာတာ အဲဒီသီချင်းတစ်ပုဒ်တည်းမဟုတ်ပါဘူး။ ရွှေကမ္ဘာလုံးဆုရရှိသွားတဲ့ ‘This Is Me’ က နံပါတ် ၈၃၊ ‘Rewrite the Stars’ က နံပါတ် ၈၅ နဲ့ ‘Never Enough’ က နံပါတ် ၈၈ အသီးသီးရောက်ရှိလာကြပါတယ်။ ဒါ့အပြင် ‘The Greatest Showman: Original Motion Picture Soundtrack’ album ဟာဆိုရင် Billboard 200 Album Chart မှာ နံပါတ် ၁ နေရာအထိရောက်ရှိလာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *