New York Times ရဲ့ဆောင်းပါးမှာ ကမ္ဘာကျော် အနုပညာရှင်တွေနဲ့ ယှဉ်တွဲဖော်ပြခံခဲ့ရတဲ့ IU

‘New York Times’ သတင်းစာရဲ့ ’25 Songs That Tell Us Where Music Is Going’ ဆောင်းပါးမှာ တောင်ကိုရီးယားနိုင်ငံရဲ့ အနုပညာရှင်လေး IU ဟာ သူမရဲ့ ‘Palette’ ဆိုတဲ့သီချင်းလေးနဲ့အတူ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒီ List လေးဟာ ယခုလတ်တလော အောင်မြင်ကျော်ကြားနေတဲ့ သီချင်းကောင်းလေးတွေနဲ့ Trend အသစ်တွေဖြစ်လာနိုင်တဲ့ သီချင်းတွေကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။။ IU ကတော့ အဲဒီ List လေးမှာ မှတ်တမ်းတင်ခံခဲ့ရတဲ့ တစ်ဦးတည်းသော အရှေ့တိုင်းအနုပညာရှင်လေးတစ်ဦးပဲဖြစ်ပါတယ်။ ‘Palette’ ကတော့ သူမ မနှစ်ကထုတ်ဝေခဲ့တဲ့ Studio Album တစ်ခုရဲ့ နာမည်ပဲဖြစ်ပါတယ်။

List ထဲမှာပါဝင်တဲ့ သီချင်းတွေကို NYT ရဲ့ပင်တိုင်ဆောင်းပါးရှင်တွေသာမက ပြင်ပကစာရေးစရာတွေကပါ ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရတဲ့သီချင်းတွေကို စာရေးဆရာတစ်ဦးစီက ဘာကြောင့်ရွေးချယ်ရတယ်ဆိုတာကို ဝေဖန်ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ IU အကြောင်းကိုရေးသားခဲ့သူက IU ရဲ့ K-Pop လောကမှာ အဆိုတော် သီချင်းရေးဆရာတစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားနေမှုကို ချီးကျူးခဲ့ပါတယ်။ အနောက်တိုင်းနိုင်ငံတွေနဲ့ရင်းနှီးတဲ့ ‘Gangnam Style’ လိုသီချင်းတွေရဲ့ Style နဲ့ မတူဘဲ IU ရေးသားသီဆိုတဲ့ သီချင်းတွေဟာ ကိုယ်ပိုင် Style နဲ့ ထူးခြားပြီးကွဲထွက်နေတာကို ချီးကျူးထားပါတယ်။ IU ဟာ သူမရဲ့ခံစားချက်တွေကို သူမရဲ့သီချင်းတွေထဲမှာ အရှိအတိုင်း ပွင့်ပွင့်လင်းလင်းချပြနိုင်တာဟာ သူမကို အခြား K-Pop အနုပညာရှင်တွေဆီကနေ ကွဲထွက်နေစေတာပါဆိုပြီး မှတ်ချက်ပေးထားခဲ့ပါတယ်။

A post shared by 이지금 (@dlwlrma) on

ဒီ New York Times ကနေ ထုတ်ခဲ့တဲ့ List ထဲမှာတော့ Taylor Swift, Katy Perry, Bruno Mars, Lana Del Rey, Camila Cabello စတဲ့ Global Star တွေလည်း ဖော်ပြခြင်းခံရပါတယ်။ IU ဟာ ဒီလိုထိတ်ထိတ်ကြဲအနုပညာရှင်တွေနဲ့ ယှဉ်တွဲဖော်ပြခြင်းခံရတဲ့အတွက် K-Pop လောကအနေနဲ့ အလွန်ကိုဂုဏ်ယူရမယ့် ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ IU အနေနဲ့လည်း သူမရဲ့အောင်မြင်မှု ကျွမ်းကျင်မှုတွေကို တကမ္ဘာလုံးကအသိအမှတ်ပြုတာဖြစ်တဲ့အတွက် ဝမ်းသာလို့မဆုံးဖြစ်နေမှာအသေအချာပါပဲရှင်။ IU ရဲ့ သီချင်းတွေက အမှန်တကယ်ကို နားထောင်လို့လည်းကောင်းသလို သူမရဲ့ သံစဉ်လေးတွေက ချစ်စဖွယ်လေးတွေဖြစ်နေတော့ ပရိသတ်ကြီးရင်ထဲမှာ စွဲထင်ကျန်ရစ်နေတတ်ပါတယ်။ ပရိသတ်ကြီးတို့လည်း IU လေးကို ဂုဏ်ပြုပေးလိုက်ကြပါဦးနော်။

A post shared by 이지금 (@dlwlrma) on

Ref: NYT, Soompi

Leave a Reply

Your email address will not be published. Required fields are marked *