ပါပါရာဇီကရိုက်ထားတဲ့ ကိုယ့်ရဲ့ပုံကို Instagram မှာတင်မိလို့ မူပိုင်ခွင့်နဲ့တရားစွဲခံလိုက်ရတဲ့ Jessica Simpson

အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်သူ Jessica Simpson ကတော့ ရယ်ရမလို ငိုရမလိုအဖြစ်နဲ့ကြုံတွေ့နေရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူမကိုယ်တိုင်ရဲ့ပုံကို Instagram မှာတင်ခဲ့တာကို အဲဒီဓာတ်ပုံကိုရိုက်ကူးခဲ့သူက တရားပြန်စွဲခြင်းကိုခံနေရလို့ဖြစ်ပါတယ်။

ဖြစ်ပုံကဒီလိုပါ.. ၂၀၁၇ သြဂုတ်လ ၉ ရက်နေ့တုန်းက Simpson ကိုယ်တိုင် ဒါမှမဟုတ် သူမရဲ့ Social Media Account ကိုတာဝန်ယူရတဲ့သူက Simpson တစ်ယောက် နယူးယောက်မြို့က Bowery ဟိုတယ်ထဲကနေထွက်လာတဲ့ပုံတွေကို Instagram စာမျက်နှာမှာတင်ခဲ့ပါတယ်။ ပြီးတော့ အဲဒီအချိန်တုန်းက Simpson နဲ့လက်တွဲလုပ်ကိုင်နေတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Reality TV World က အဲဒီပုံတွေကိုယူပြီး သူတို့ရဲ့ website မှာအသုံးပြုခဲ့ပါသေးတယ်။ အဲဒီတော့ အဲဒီဓာတ်ပုံတွေကိုရိုက်ကူးခဲ့တဲ့ Splash News and Picture Agency က သူတို့ရဲ့ခွင့်ပြုချက်မရှိပဲ ပုံတွေကိုရယူသုံးစွဲခဲ့တဲ့ Simpson နဲ့ Reality TV World ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ပုံတွေကို ခွင့်ပြုချက်မရှိပဲ ပြင်ဆင်တည်းဖြတ်ပြီး အသုံးပြုခြင်းတစ်ခုတည်းနဲ့တင် မူပိုင်ခွင့်ချိုးဖောက်ရာကျနေတဲ့အပြင် Watermark တွေကိုဖျောက်ပစ်ပြီးအသုံးပြုခဲ့ခြင်းဟာ မူရင်းပိုင်ရှင်ဖြစ်တဲ့ Splash News ကို credit မပေးသလိုဖြစ်နေခဲ့ပါတယ်။ Simpson တစ်ယောက် အဲဒီပုံတွေကို Social Media ပေါ်မှာတင်ခဲ့ခြင်းဟာ သူမရဲ့သန်းနဲ့ချီတဲ့ follower တွေလက်ထဲကိုဖြန့်ချိလိုက်တာနဲ့အတူတူပဲဖြစ်လို့ Splash News အနေနဲ့ အဲဒီပုံတွေရောင်းပြီးရရှိနိုင်မယ့်ငွေကြေးတွေ နစ်နာခဲ့ရပါတယ်လို့ ပြောဆိုထားပါတယ်။

ဒီဖြစ်ရပ်တစ်ခုလုံးက တကယ်ကိုအူကြောင်ကြောင်နိုင်လွန်းပါတယ်.. ဒါပေမယ့် မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ဥပဒေတွေကလည်း အခိုင်အမာရှိတဲ့အတွက် Simpson အနေနဲ့ တရားနည်းလမ်းကျပြန်လည်ဖြေရှင်းဖို့ကလွဲပြီးအခြားလုပ်ဆောင်နိုင်တာမရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *