ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ‘LE GRAND Hip Hop Festival’ ကနေ နုတ်ထွက်ခဲ့ရုံမက Instagram Account ကိုပါဖျက်သွားခဲ့တဲ့ Ji Dam!!!

မနေ့ကပဲ Wanna One အဖွဲ့ဝင် Kang Daniel နဲ့ သို့လောသို့လောဖြစ်အောင် ရေးထားတဲ့ post ကိုတင်ခဲ့တဲ့ Ji Dam ကတော့ wannables တွေနဲ့ Fan တွေရဲ့ ကြားမှာ အကြီးအကျယ် ဂယက်ရိုက်ပြီးနောက် ဒီနေ့မှာတော့ သူမရဲ့ Instagram Account ကိုပါ တစ်ခါတည်း ဖျက်သွားခဲ့ပါတယ်။

ဒါတင်မကသေးပဲ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကျင်းပမယ့် LE GRAND Hip Hop Festival ကနေလည်း နှုတ်ထွက်သွားခဲ့ပါတယ်။
အဲ့ဒီပွဲမှာသူမ မပါဝင်တော့ဖူးဆိုတဲ့ အကြောင်းကို ပွဲစီစဉ်သူတွေကတော့ သူမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် မပါဝင်တော့တာဖြစ်တယ်လို့ဆိုပါတယ်။

ဘာရည်ရွယ်ချက်နဲ့ အဲဒီ post ကိုတင်ခဲ့တာလည်း မသိရသေးပေမယ့် လောလောဆယ်တော့ သူမရဲ့ Instagram Account ကိုပါဖျက်ပြီး စတေးရှောင်နေရတဲ့အခြေအနေ ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *