Wanna One အဖွဲ့ဝင် Daniel နဲ့ပတ်သက်ပြီး Kpop လောကကို မွှေနှောက်လိုက်တဲ့ Ji Dam 

Show Me The Money and Unpretty Rapstar ကနေတဆင့် နာမည်ကျော်ကြားလာတဲ့ Ji Dam ကတော့ ၁၄ရက်မနက်ခင်းလေးမှာပဲ instagram မှာ post တစ်ခုတင်ပြီး Kpop လောကကြီးကို မွှေနောက်လိုက်ပါပြီ။

Daniel ရဲ့ wannables တွေနဲ့ Ji Dam ရဲ့ fan တွေကို သို့လောသို့လောဖြစ်အောင်ရေးထားတဲ့ post ကိုတော့ ပြဿနာအကျယ်အကျယ်ဖြစ်လာတဲ့နေ့ချင်းမှာပဲ Ji Dam ကိုယ်တိုင်ပြန်ဖျက်သွားခဲ့ပါတယ်။ ဒီဇာတ်လမ်းက သူတို့နှစ်ယောက်တင်မဟုတ်ပဲ Ji Dam လိုပဲ Show Me The Money and Unpretty Rapstar မှာပြိုင်ပွဲဝင်ခဲ့ဖူးတဲ့ Kasper ကဝင်ပါလာတဲ့အခါ ပိုပြီး ရှုပ်ထွေးသွားခဲ့ပါတယ်။

Ji Dam ဟာ သူနဲ့ Wanna One အဖွဲ့ဝင် Daniel နဲ့ ဘာလိုလိုညာလိုလို သဘောရတဲ့ post ကိုတင်ထားပြီး သိပ်မကြာခင်မှာပဲ Daniel ရဲ့ Wannables တွေက ဝိုင်းဝုန်းတာကိုခံခဲ့ရပါတယ်။ Oppa ကိုမထိနဲ့ ဆိုတဲ့ စန်းစန်းတင့်လေးတွေကလဲ အများသားမဟုတ်လားရှင်။ ဒါပဲလားဆိုတော့ ဒီလောက်နဲ့ မပြီးသွားပါဘူး။ Kasper ကလဲ တော်တော်လေးကိုရှည်တဲ့ post တစ်ခုတင်ပြီး အဲ့ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြထားခဲ့ပါသေးတယ်။

한참 고민을 하다 사실이 아닌 말들이 너무나도 많이 오가는것 같아서 워너원 팬 분들과 다니엘 팬 분들, 그리고 최근 지담이 인스타그램을 보며 걱정 또는 비판하신 분들에게 조금의 이해라도 돕고자 조심스럽게 몇자 적어봅니다. 2년 전 쯤, 전 당시 연습생이었던 다니엘을 제 지인들이 있는 파티에 초대 했습니다 (어렸을때부터 부산에서 같이 학원을 다녔습니다). 그 자리에 지담이도 있었고 그렇게 지담이랑 다니엘은 처음 알게 되었습니다. 둘 나이가 비슷 하기도 하고 다 친해지는 분위기어서 둘도 그날 이후로 몇 번 더 친구들과 함께 만났고, 그 후 둘 다 한테 서로 좋은 마음을 가지고 연락을 하고 있다는 말을 전해 들었습니다. 그러고 얼마 지나지 않아 MMO 소속사 연습생들이 프로듀스를 준비하게 되면서 촬영 스케쥴과 연습 일정 때문에 바빠졌고, 다니엘 또한 마지막 기회라고 생각하고 연습에 집중을 하기 위해 지담이와 이미 만나기도 어렵고 연락하기 힘든 상황인 사이를 서로 좋은 감정으로 정리 한 걸로 알고 있습니다. 데뷔 이후 샵에서 마주치거나 했을때도 형식적인 인사를 주고 받고, 그 이상의 연락 또는 관계는 없었고 가능하지 않았던걸로 압니다. 무슨 이유에서 지담이가 블로그 포스팅을 캡쳐해서 올린건지, 그리고 무슨 이유에서 이해하기 힘들 정도로 지담이의 글 들 속 오타가 난무하는지는 대화를 해보려 해도 이해가 안 갑니다. 하지만 확실한건 블로그 글이 둘의 관계를 반영해서 쓴 듯한 느낌은 전혀 받지 못했습니다. 당사자가 아니라 이 이상의 말과 상황을 설명 하긴 어렵지만, 둘을 알게 한 입장에서 더 이상의 추측들로 생기는 피해가 조금이라도 덜 했으면 합니다.

A post shared by 캐스퍼 ? #XXIMVMT (@kasperxxi) on

Kasper ရဲ့ post ထဲမှာရေးထားတဲ့အကြောင်းအရာကို အကျဉ်းချုပ်ရမယ်ဆိုရင် Ji Dam နဲ့ Daniel ဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်က Kasper ရဲ့ ပါတီမှာခင်ခဲ့ကြပြီး အချင်းချင်းစိတ်ဝင်စားမှုရှိခဲ့ကြပုံရပြီး အဆက်အသွယ်တွေ၊ သူငယ်ချင်းတွေပါတဲ့ ဆုံတွေ့မှုတွေရှိခဲ့ပေမယ့် Daniel ဟာ “Produce 101” အတွက်အလုပ်တွေရှုပ်သွားတဲ့နောက် အဆက်အသွယ်တွေထပ်မရှိခဲ့ကြတော့ကြောင်း၊ နောက်ထပ်တွေ့ခဲ့တဲ့တစ်ခါကလဲ သာမန်ရိုးရိုးမထင်မှတ်ဘဲတွေ့ဆုံတာမျိုးသာဖြစ်ခဲ့တာမို့ သူတို့ထပ်ပြီးဆက်သွယ်နေခဲ့ကြတာ၊ သာမန်ထက်ထူးကဲတဲ့ ဆက်ဆံမှုတွေရှိခဲ့တယ်ဆိုတာ မဖြစ်နိုင်ကြောင်း တွေကို ရေးထားခဲ့တာပါ။  Ji Dam အနေနဲ့ ဘာကြောင့် အဲ့လိုထင်ယောင်ထင်မှားဖြစ်စေတဲ့ post ကိုတင်ရတယ်ဆိုတာကိုတော့ သူ့အနေနဲ့ နားမလည်နိုင်ကြောင်း၊ အဲ့ post ကလဲ Ji Dam နဲ့ Daniel ရဲ့အကြောင်းဖြစ်တယ်လို့ သေချာအတိအကျသတ်မှတ်လို့မရကြောင်း၊ ကိုယ်တိုင်တိုက်ရိုက်ပါဝင်ပတ်သက်နေတာမဟုတ်လို့ အပြတ်မပြောနိုင်ပေမယ့် သူ့ကြောင့် သိကျွမ်းခဲ့ရသူ ၂ယောက်ရဲ့ သတင်းအမှားတွေထပ်ပြန့်မှာကိုမလိုလားကြောင်း ဖြေရှင်းထားပါတယ်။

Ji Dam ဆီကို Wannables တွေက တိုက်ရိုက် message တွေနဲ့ရော comment ကနေတဆင့် အဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်ဖြေရှင်းဖို့ မေးထားတာတွေကို Ji Dam ကတော့ နောက်ကွယ်က ရာဇဝင်အမှန်ကို မသိဘဲ ဘာမှဝင်ပြီး အပြစ်မတင်ကြဖို့ ပြန်ပြောထားခဲ့ပါတယ်။

ကိုယ်တွေရဲ့ Oppa လေး Daniel ကတော့ တစ်စုံတစ်ရာမှတ်ချက်မပေးခဲ့ပေမယ့် သူ့ရဲ့ agency ဖြစ်တဲ့ YMC Entertainment ကတော့ အတိတ်ကခင်မင်မှုတွေနဲ့ပတ်သက်ပြီး မဟုတ်မမှန်တဲ့ ကောလဟာလတွေကို တရားဉပဒေအရသာ အရေးယူသွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Wannables တွေကတော့ ဘယ်ပြောကောင်းမလဲ အုန်းအုန်းကျွတ်ကျွတ်ပေ့ါရှင်။ Attention လိုချင်လို့ ဖွတာလားတို့၊ မူးနေတာလား တို့ အစုံပလုံပြောမကုန်အောင်ဝုန်းနေကြတုန်းပါပဲ။

ကဲ နောက်ဆက်တွဲဘာတွေဆက်ဖြစ်ကြအုန်းမှာလဲဆိုတာကိုတော့ ကာယကံရှင်တွေက ဖွင့်ဟပြောလာတဲ့ စောင့်ကြည့်ကြရအောင်နော်။ သတင်းထူးရင်လဲ အချိန်နဲ့ တပြေးညီ တင်ဆက်ပေးဦးမှာမို့ stay tuned ပါနော်…….

 

Leave a Reply

Your email address will not be published. Required fields are marked *