BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ J-hope ရဲ့မွေးနေ့မှာ Jin က အမှတ်တရဖြစ်စေတဲ့ Birthday Message ပို့ပြီးဆုတောင်းပေး

BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ J-hope ရဲ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာကျရောက်တဲ့ ၂၄ နှစ်မြောက်မွေးနေ့လေးမှာ Jin ဆီကနေပြီး အမှတ်တရဖြစ်စေမယ့် Birthday Message တစ်ခုကိုရရှိခဲ့ပါတယ်။

Jin ဟာ J-hope ဆီကို Twitter ကနေပြီး “Happy Birthday Hobbi” လို့ရေးသားပြီး Birthday Wish ပေးထားပါတယ်။ ဒါတင်မကသေးဘဲ သူဒီ post ကို တင်ချင်နေတာကြာပြီး တစ်နှစ်လုံးစောင့်ခဲ့ရတယ် လို့ဆိုကာ ဓာတ်ပုံတစ်ပုံနဲ့အတူ Twitter မှာ post တင်ခဲ့ပါတယ် (ဓာတ်ပုံကတော့အောက်မှာဖော်ပြပေးထားပါတယ်နော်)။

ဓာတ်ပုံထဲမှာ J-hope ဟာ မိတ်ကပ်လည်းမလိမ်းထားတဲ့အပြင် မျက်မှန်အဝိုင်းကြီးပါတပ်ထားလိုက်ပါသေးတယ်။ ပြီးတော့ ဦးထုပ်အဝိုင်းကြီးဆောင်း ကင်မရာကိုကြည့့်ပြီး ပြုံးပြုံးကြီးလုပ်နေပုံကအသည်းယားစရာပါ။ Jin ဟာ ဓာတ်ပုံအောက်မှာ J-hope ကို “သူ့မှာ J-hope ရဲ့ ဟာသပုံတွေအများကြီးရှိသေးတယ်၊ ဒီဇင်ဘာအထိနှစ်ကုန်အောင်စောင့်ပေးပါဦး” ဆိုပြီး စနောက်ထားတာကိုလည်းတွေ့ရပါတယ်။

Fan တွေကတော့ သူတို့နှစ်ယောက်ရဲ့ အရမ်းကို တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးတာကိုမြင်ရတာ ဝမ်းသာကြောင်းနဲ့ တကယ့်ညီအစ်ကိုအရင်းတွေလိုဖြစ်နေတာ ကြည်နူးဖို့ကောင်းကြောင်း Comment တွေမှာရေးသားပြီး သူတို့ရဲ့အပျော်တွေကိုလည်းမျှဝေထားပါတယ်။ ကမ္ဘာတဝန်းကJ-hope ရဲ့ Fan လေးတွေကလည်း Twitter ကနေပြီး #happyhopeday ဆိုပြီးရေးသား၍ Birthday Wish လုပ်ပေးခဲ့ကြပါတယ်။ J-hope မှာလည်း သူ့ရဲ့ Studio မှနေပြီး Wish လုပ်ပေးတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်းပြန်လည်ပြောကြားထားပါတယ်။

Happy Belated Hope Day ?

 


Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *