SHINee အဖွဲ့ဝင်ဟောင်း Jonghyun မကွယ်လွန်မီကဖန်တီးခဲ့တဲ့ ‘Poet | Artist’ လို့အမည်ရတဲ့ Album ထွက်ပြီ

ဒီဇင်ဘာလတုန်းကကွယ်လွန်သွားခဲ့တဲ့ SHINee အဖွဲ့ဝင်ဟောင်း Jonghyun ဟာ လောကကြီးကိုအရှုံးမပေးသွားခင်မှာ သူ့ကိုချစ်တဲ့ပရိသတ်တွေအတွက် နောက်ဆုံးလက်ဆောင်တစ်ခုချန်ထားပေးခဲ့ပါတယ်။ အဲဒီလက်ဆောင်ကတော့ ‘Poet | Artist‘ လို့အမည်ရတဲ့ သူ့ရဲ့ solo album လေးဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က SM Entertainment က Jonghyun ရဲ့ album နဲ့ပတ်သက်တဲ့သတင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဆိုပါ post မှာ Jonghyun ဟာ ဒီ album ကို မနှစ်ကတည်းကပြင်ဆင်ထားခဲ့ပြီး နှစ်သစ်မှာထုတ်ဝေဖို့စီစဉ်ထားခဲ့ကြောင်း၊ ဒီ album ကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ digital release ပြုလုပ်မှာဖြစ်ပြီး ၂၄ ရက်နေ့မှာ physical release ပြုလုပ်မှာဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် Jonghyun ရဲ့ရင်ထဲကစကားတွေက သူ့ရဲ့ပရိသတ်တွေရင်ထဲကို ရောက်ရှိမယ်လို့မျှော်လင့်ကြောင်းလည်း ထပ်ဆောင်းဖော်ပြထားခဲ့ပါတယ်။ ဒီ album ကိုရောင်းချလို့ရရှိတဲ့အမြတ်ငွေတွေကို Jonghyun ရဲ့မိခင်နဲ့ ချို့တဲ့သူတွေကိုပေးအပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ဒီ album မှာ သီချင်းစုစုပေါင်း ၁၁ ပုဒ်ပါဝင်မှာဖြစ်ပါတယ်။ ပါဝင်တဲ့သီချင်းတွေကတော့ “Shinin“, “Only One You Need“, “#Hashtag“, “Grease“, “Take the Dive“, “Sightseeing“, “Rewind“, “Just For A Day“, “I’m So Curious“, “Sentimental” နဲ့ “Before Our Spring” တို့ပဲဖြစ်ပါတယ်။

အောက်မှာတော့ album ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Shinin” ရဲ့ MV ကိုကြည့်ရှုနားဆင်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *