စေ့စပ်လိုက်ကြတဲ့ Justin Bieber နဲ့ Hailey Baldwin 

ဒီတပတ်တော့ social media တွေပေါ်မှာ အားလုံးစိတ်ဝင်စားပြီး ပွထနေတဲ့ သတင်းက Justin bieber ရဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒီသတင်းဟာ သေချာသလောက်ဖြစ်နေပြီး သူတို့နှစ်ဦးနဲ့ နီးစပ်တဲ့ပတ်ဝန်းကျင်တွေကပါ Congrats လုပ်နေကြတာကို တွေ့ရပါတယ်။ နောက်ထပ်ပိုသေချာတာတစ်ခုကတော့ Justin Bieber ရဲ့ မိဘတွေဖြစ်တဲ့ Jeremy Bieber နဲ့ Pattie Mallette တို့ကပါ social media မှာ post တွေတင်ပြီး ပြောခဲ့ကြတာကို တွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး Hailey Baldwin ရဲ့ ဖခင်ဖြစ်သူ Stephen Baldwin ကပါ Congrats လုပ်ခဲ့တာကို တွေ့ရပါတယ်။ အသက် ၂၄ နှစ် ရှိပြီဖြစ်တဲ့ အဆိုတော် Justin နဲ့ အသက် ၂၁ နှစ် မော်ဒယ် Hailey တို့ကတော့ ဟိုအရင်ကတည်းက တွဲခဲ့ဖူးကြတဲ့ ရည်းစားဟောင်းတွေဖြစ်ပြီး အခုချိန်မှာ ပြန်တွဲကြတာပါ။ ဒီအပတ်ရဲ့ July ၇ရက်နေ့ မှာတော့ စေ့စပ်လိုက်ကြပြီး အခု Bahamas မှာရှိတဲ့ ကျွန်းစုတွေကို ရောက်ရှိနေကြပါတယ်တဲ့နော် ။Selena နဲ့မှ သဘောတူပါတယ်ဆိုတဲ့ fan တွေကတော့ အသဲတွေ ကွဲပေါ့….

 

@justinbieber Proud is an understatement! Excited for the next chapter!

A post shared by Jeremy Bieber (@jeremybieber) on

Leave a Reply

Your email address will not be published. Required fields are marked *