JYP Entertainment မှနေပြီး Debut လုပ်တော့မယ့် `Stray Kids´

JYP Entertainment ကနေပြီး ပရိသတ်ကြီးနဲ့ အသစ်ထပ်မံမိတ်ဆက်ပေးမယ့် Boy Group တစ်ခုကတော့ ‘Stray Kids’ အဖွဲ့လေးပဲဖြစ်ပါတယ်။ အဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ဒီ Group လေးဟာဆိုရင်တော့ ယခင်က JYP Entertainment မှ မြေတောင်မြောက်ပေးထားတဲ့ ‘2PM’ နဲ့ ‘GOT7’ အဖွဲ့တွေလို ချောမောလှပပြီးခန့်ညားတဲ့ ချစ်စရာကောင်လေးတွေပါဝင်ပါတယ်။

ပြောမယ်ဆို ‘Stray Kids’ ဟာ Debut မလုပ်ခင်ကတည်းက အများရဲ့အာရုံစိုက်ခြင်းကို ခံနေရတဲ့အဖွဲ့တစ်ဖွဲ့ပါ။ ၂၀၁၈ နှစ်ဦးပိုင်းတုန်းကထွက်ခဲ့တဲ့ pre-debut Mini-Album လေးဖြစ်တဲ့ ‘Mixtape’ ဟာဆိုရင်လည်း Official Debut တောင်မလုပ်ရသေးတဲ့ အဖွဲ့တစ်ဖွဲ့အနေနဲ့ အတော်လေးအောင်မြင်ခဲ့ပါတယ်။ အခုတော့ သူတို့လေးတွေကလည်း Official Debut Album လေးနဲ့အတူ ပွဲထွက်လာကြတော့မှာဖြစ်ပါတယ်။

A post shared by JYPnation (@jypentertainment) on

‘Stray Kids’ အဖွဲ့ဟာ သူတို့ရဲ့ပထမဦးဆုံး ပရိသတ်နဲ့ တွေ့ဆုံမိတ်ဆက်တဲ့ပွဲမှာ သူတို့ရဲ့ Mini Album ဖြစ်တဲ့ ‘I Am Not’ နဲ့အတူ Debut Showcase ကို ကျင်းပသွားမှာပဲဖြစ်ပါတယ်။ သူတို့ရဲ့ Debut ပွဲလေးကို မတ်လ ၂၅ ရက်နေ့မှာ ဆိုးလ်မြို့ရဲ့ Jang Chung Arena မှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ ဒီပွဲအတွက် Agency မှနေပြီး လက်မှတ်အစောင်ရေ ၃၀၀၀ ကိုရောင်းချဖို့အတွက်စီစဉ်ထားခဲ့ပြီး လက်မှတ်စတင်ရောင်းချခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာပဲ ရောင်းကုန်သွားခဲ့ပါတယ်။ အဲဒါကြောင့် အရမ်းကြည့်ချင်တဲ့ပရိသတ်တွေအတွက် စင်ရဲ့ဘေးဖက်မှာ နေရာတွေထပ်တိုးပေးပြီး လက်မှတ်တွေထပ်တိုးရောင်းချပေးခဲ့ရပါတယ်။ အောင်မြင်ချက်တွေဆိုတာကတော့လေ.. ?

‘Stray Kids’ အဖွဲ့ကတော့ ပရိတ်သတ်ကြီးနဲ့စတင်မိတ်ဆက်တဲ့ပွဲမှာပဲ လက်မှတ်တွေထပ်မံရောင်းချပေးရတဲ့အထိ Fan တွေရဲ့အားပေးမှုကိုရရှိနေတယ်ဆိုတော့ နောက်များဒီထက်ပိုအောင်မြင်လာရင် ကမ္ဘာကျော်ဖို့ပဲရှိတော့တယ်လေနော့်။ သူတို့ရဲ့ ပထမဦးဆုံး Debut Album လေး ‘I Am Not’ ကိုတော့မတ်လ ၂၆ ရက်နေ့မှာ ထုတ်ဝေသွားမှာပဲဖြစ်ပါတယ်။ K-Pop ပရိသတ်ကြီးရေ.. အသည်းလေးတွေဖဲ့ပေးရမယ့် နောက်ထပ်အဖွဲ့သစ်တစ်ဖွဲ့တော့ ရှိလာပြန်ပါပြီရှင်။ အားပေးလိုက်ကြပါဦးနော်။

A post shared by JYPnation (@jypentertainment) on

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *