TWICE ကျေးဇူးနဲ့ YG Entertainment ရဲ့တန်ဖိုးကိုကျော်တက်သွားခဲ့တဲ့ JYP

ဇန်နဝါရီလ ၁၇ ရက်နေ့ဂဏန်းတွေအရဆိုရင် JYP Entertainment ဟာ YG Entertainment ရဲ့ တန်ဖိုး (Market Cap) ကိုကျော်တက်ပြီး ကိုရီယား Entertainment ကုမ္ပဏီကြီးသုံးခု (SM/JYP/YG) တို့ထဲမှာ ဒုတိယနေရာကိုရောက်ရှိသွားခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ စျေးကွက်ပိတ်ချိန်မှာ JYP Entertainment ရဲ့စုစုပေါင်းတန်ဖိုးဟာ ကိုရီးယားဝမ် ၅၆၀.၉၁ ဘီလျံ ( အမေရိကန်ဒေါ်လာ ၅၂၅.၄ သန်း) ရှိနေခဲ့ပြီး YG Entertainment ရဲ့တန်ဖိုးက ကိုရီးယားဝမ် ၅၃၃.၇၅၁ ဘီလျံ ( အမေရိကန်ဒေါ်လာ ၄၉၉.၉ သန်း) နဲ့စာရင်းပိတ်သွားခဲ့ပါတယ်။ ဒါကြောင့် JYP ရဲ့တန်ဖိုးက YG ကို အမေရိကန်ဒေါ်လာ ၂၅.၅ သန်းခန့်ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။

ယမန်နှစ်ဒီအချိန်တုန်းကဆိုရင် JYP ရဲ့တန်ဖိုးဟာ ကိုရီးယားဝမ် ၁၃၈.၄၈ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၂၉.၇၅ သန်း) သာရှိခဲ့တာမို့ ၁ နှစ်အတွင်း တန်ဖိုး ၄ ဆခန့်တိုးလာခဲ့တာဖြစ်ပါတယ်။ JYP ဒီလောက်အထိကြီးမားလာတာဟာ TWICE ရဲ့ကျေးဇူးကြောင့်လို့တောင်ပြောလို့ရပါတယ်။ စျေးကွက်လေ့လာမှုတွေအရဆိုရင် TWICE ရဲ့ ဂျပန်စျေးကွက်မှာအောင်မြင်မှုနဲ့ မြင့်မားတဲ့ပြည်တွင်းရောင်းအားတွေက JYP ကိုအများကြီးအထောက်အကူပြုခဲ့ပါတယ်။ ဒါ့အပြင် အဖွဲ့အသစ် Stray Kids နဲ့ Suzy ရဲ့ solo comeback တို့ဟာလည်း JYP ကို ဒီထက်ပိုပြီးကြီးမားလာအောင် တွန်းပို့ပေးကြဦးမှာဖြစ်ပါတယ်။

Pop ယဉ်ကျေးမှုဝေဖန်ရေးဆရာတစ်ဦးဖြစ်တဲ့ Kang Tae Gyu က ဒီကိစ္စနဲ့ပတ်သက်ပြီး “TWICE စတင်လှုပ်ရှားတာ ၁ နှစ်မပြည့်သေးသလို Stray Kids က debut တောင်မလုပ်ရသေးဖူး။ JYP ရဲ့အနာဂတ်ကတော့ လင်းလက်တောက်ပနေတာပါပဲ။” လို့မှတ်ချက်ပေးထားပါတယ်။

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *