K-Pop အနုပညာရှင်တွေ မျက်နှာပန်းလှသွားတဲ့ ၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့အလှပဆုံးမျက်နှာပိုင်ရှင် ၁၀၀ စာရင်း

၂၀၁၇ ခုနှစ်အတွက်ထုတ်ပြန်တဲ့ TC Candler and The Independent Critics ရဲ့ ကမ္ဘာ့အလှဆုံးမျက်နှာပိုင်ရှင် ၁၀၀ စာရင်းမှာ ကိုရီးယားအနုပညာလောကထဲက အနုပညာရှင်တွေ အများကြီးပါဝင်လာတာကိုတွေ့ရပါတယ်။ ဒီ list ကို အမျိုးသားတွေအတွက် “အခန့်ညားဆုံးမျက်နှာပိုင်ရှင် ၁၀၀” နဲ့ အမျိုးသမီးတွေအတွက် “အလှပဆုံးမျက်နှာပိုင်ရှင် ၁၀၀” ဆိုပြီး list ၂ ခုခွဲပြီးထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။ အမျိုးသား list မှာဆိုရင် BTS အဖွဲ့က V က နံပါတ် ၁ ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ရဲ့ အခန့်ညားဆုံးမျက်နှာပိုင်ရှင်သရဖူကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ အမျိုးသမီး list မှာကတော့ Twice အဖွဲ့ရဲ့ Tzuyu က နံပါတ် ၃ နေရာရရှိခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ်တွေတုန်းက နံပါတ် ၁ ရရှိခဲ့တဲ့ Nana က ဒီနှစ်မှာ နံပါတ် ၅ ရရှိသွားခဲ့ပါတယ်။ ကိုယ်နှစ်သက်တဲ့ အခြား artist တွေပါမပါဆိုတာကို list ထဲမှာပါဝင်တဲ့ ကိုရီးယားအနုပညာရှင်တွေကိုရွေးထုတ်ပြထားတာကို သွားရောက်ကြည့်ရှုနိုင်သလို TC Candler ရဲ့ ဗီဒီယိုမှာ list အပြည့်အစုံကိုသွားရောက်ကြည့်ရှုနိုင်ပါတယ်။

၂၀၁၇ ရဲ့ အခန့်ညားဆုံးမျက်နှာပိုင်ရှင် ၁၀၀

1. V (BTS)
9. Sehun (EXO)
13. Jimin (BTS)
19. Taeyang (Big Bang)
23. Nam Joo Hyuk
27. Jonghyun
35. Jackson (GOT7)
38. Kai (EXO)
42. Takuya (Cross Gene)
45. Luhan (EXO)
47. BM (KARD)
49. Mingyu (Seventeen)
60. Kris
64. Jungkook (BTS)
72. Wonwoo (Seventeen)
84. Lee Min Ho
99. Taeyong (NCT)

၂၀၁၇ ရဲ့ အလှပဆုံးမျက်နှာပိုင်ရှင် ၁၀၀

3. Tzuyu (TWICE)
5. Nana (After School)
15. Lisa (BLACKPINK)
18. Jennie (BLACKPINK)
21. Sana (TWICE)
23. Seulgi (Red Velvet)
32. Lee Sung Kyung
40. Taeyeon (Girls’ Generation)
51. Suzy
55. Irene (Red Velvet)
62. Go Ara
69. Jessica
88. Park Shin Hye
99. Kyulkyung (PRISTIN)

Leave a Reply

Your email address will not be published. Required fields are marked *