အပြီးတိုင်ဖျက်သိမ်းခဲ့ကြတဲ့ နာမည်ကြီး K-Pop Idol Girl Group များ!!

ဒီအပတ်မှာတော့ အရမ်းကိုအောင်မြင်နေပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အြပီးတိုင်ဖျက်သိမ်းခဲ့ကြတဲ့ K-Pop Girl Group လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ K-Pop ဆိုတာကို သူတို့တွေရဲ့ သီချင်းတွေကမှတစ်ဆင့် စသိလာတာဆိုတော့ အကြိုက်ဆုံး အဖွဲ့တွေဖျက်သိမ်းခဲ့ကြတာ တကယ်ကိုပဲ နှမျောခဲ့ရပါတယ်။ အဲ့ဒီထဲမှာမှ လုံးဝကို နာမည်ကြီးပြီး Global Idol တွေဖြစ်နေပေမယ့် လမ်ခွဲသွားကြတဲ့ Idol Group 7 ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။

 

1. Wonder Girls

Wonder Girls လို့ဆိုလိုက်တာနဲ့ ၂၀၀၉ တုန်းက ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ “Nobody” သီချင်းကိုတော့အားလုံးသိကြမယ်ထင်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Yubin, Yeeun, Sunmi, Hyerim, Sunye, Sohee , Hyuna အဖွဲ့ဝင် ၇ယောက်နဲ့ JYP entertainment ကနေ ဖွဲ့စည်းပေးခဲ့တဲ့ ဒီ Wonder Girls အဖွဲ့ က “Nobody” သီချင်းနဲ့ပဲ Billboard Hot 100 Chart List ထဲကိုပါဝင်ခဲ့တဲ့ ပထမဉီးဆုံး ကိုးရီးယားအနုပညာရှင်တွေလို့ပဲဆိုရမှာပါ။

ဒါပေမယ့်လည်း ၂၀၁၇ ဇန်နဝါရီ ၂၆ မှာပဲ အဖွဲ့ကို တရားဝင်ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့အကြောင်းကို JYP Entertainment ကနေ တရားဝင်ပြောကြားခဲ့ပါတယ်။ ဖျက်သိမ်းရခြင်း အကြောင်းအရင်းကတော့ မူလအဖွဲ့ဝင် ၇ ယောက်နဲ့ဖွဲစည်းထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Member တွေ အဖွဲ့ထဲကထွက်ခွာသွားကြပြီးနောက် Yubin နဲ့ Hyerim တို့နှစ်ဉီးသာ ကျန်ရှိတော့တဲ့အချိန်မှာ JYP နဲ့စာချုပ်အသစ်ချူပ်ဆိုဖို့အခက်အခဲရှိတာကြောင့် လို့ဆိုပါတယ်။ အခုအချိန်မှာတော့ Sunye ကလွဲရင် ကျန်တဲ့ အဖွဲ့ဝင်တွေအကုန်လုံးဟာ Solo အနေနဲ့အောင်မြင်နေဆဲဖြစ်ပါတယ်။

 

 

2. 2NE1

2NE1 ကတော့ Bom, Dara, CL နဲ့ Minzy အဖွဲ့ဝင်လေးယောက်နဲ့ ၂၀၀၉ ခုနှစ်မှာ YG Entertainment ကနေ မိတ်ဆက်ပေးခဲ့တဲ့ Idol Group ဖြစ်ပါတယ်။ အဖွဲ့တွေထဲမှာ နှမျောဖို့အကောင်းဆုံးနဲ့ အက်ထမိန်ရဲ့ Playlist ထဲမှာ အများဆုံးနေရာယူထားတဲ့ အကြိုက်ဆုံး K Idol အဖွဲ့မို့ပါ။

2NE1 ရဲ့ Hit Song ဆိုတော့ ဘယ်ဟာရွေးထုတ်ရမှန်းမသိအောင်ကို သီချင်းတိုင်းက Hit ဖြစ်ခဲ့လေတော့ ရွေးရအတော်ခက်ပါတယ်။ ပထမဉီးဆုံးအနေနဲ့ ပရိသတ်တွေသတိထားမိစေခဲ့တဲ့ သီချင်းလေးကတော့ Big Bang နဲ့ဆိုထားတဲ့ “Lollipop” ပဲဖြစ်မယ်ထင်ပါတယ်။ အက်ထမိန်အကြိုက်ဆုံးသီချင်းကတော့ “I’m the Best” နဲ့ “Go Away” ပါ။ “Falling in Love” နဲ့ “Lonely” သီချင်းတွေကလည်း တကယ်ကိုနားထောင်သင့်တဲ့သီချင်းတွေထဲမှာပါတယ်။ 2 NE1 က Billboard နဲ့ New York Time ကနေ Best K-Pop Girl Groups အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ Idol Group တစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း၂၀၁၆ ဧပြီ မှာ Minzy က အဖွဲ့ထဲကနေ ထွက်ခွာသွားတဲ့အချိန်နဲ့ Bom ကလည်း စာချုပ်အသစ်မချုပ်တော့တဲ့အချိန်.. CL , Dara တို့ကလည်း Solo အနေနဲ့ အောင်မြင်နေကြတော့ အဖွဲ့ကို တစ်ခါတည်း ရုတ်သိမ်းတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြဟန်တူပါတယ် (အက်မိန်အမြင်ပါ အားလုံးက အချိန်ကိုက်ဖြစ်နေတော့)။ ၂၀၁၇ ဇန်နဝါရီ ၂၁ မှာ YG ကနေပြီးတော့ “Good Bye” သီချင်းနဲ့အတူ အဖွဲ့ကိုအဆုံးသတ်လိုက်တော့မယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ သီချင်းပုံစံရော၊ ဆိုပုံဆိုဟန်တွေကပါ အခြား K-Pop Idol Group တွေနဲ့ ကွဲပြားခြားနားတဲ့ ရှားရှားပါးပါးအဖွဲ့တစ်ခုဖြစ်တာမို့ အဲဒီသတင်းကြားတော့ တော်တော်ဝမ်းနည်းခဲ့ရပါတယ်.. အကြိုက်ဆုံးဆိုတာထက် Crush ခဲ့ရတဲ့ Girl Group ဆိုတော့လေ။

 

 

3. 4 Minute

4 Minute ကတော့ ၂၀၀၉ ခုနှစ်မှာ Nam Ji-hyun, Heo Ga-yoon, Jeon Ji-yoon, Kim Hyun-a နဲ့ Kwon So-hyun အဖွဲ့ဝင် ၅ ယောက်နဲ့ Cube Entertainment ကနေ မိတ်ဆက်ပေးခဲ့တဲ့ Idol Group ဖြစ်ပါတယ်။ 4 Minute ရဲ့ Hot Songs တွေထဲကမှ “What Your Name?” သီချင်းကတော့ K-Pop Fan တွေအမှတ်မိဆုံး သီချင်းဖြစ်မယ်လို့ထင်ပါတယ်။ Hyuna ကတော့ Entertainment နဲ့ စာချုပ်အသစ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့ အဖွဲ့ဝင်တွေနဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ သူတို့ရဲ့ Entertainment ကညှိနှိုင်းခဲ့ပေမယ့် အဖွဲ့ဝင် ၅ ယောက်လုံးက Group အနေနဲ့ ရှေ့မဆက်တော့ဖူးလို့ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ၂၀၁၆ ဇွန် ၁၃ မှာ အခုလိုအဖွဲ့ကိုဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ရတာပါလို့ ဆိုပါတယ်။

 

 

4. Sister

၂၀၁၀ ခုနှစ်မှာ Hyolyn, Bora, Soyou, Dasom အဖွဲ့ဝင်လေးယောက်နဲ့ Starship Entertainment ကစတင်မိတ်ဆက်ပေးခဲ့တဲ့ Sister ဟာဆိုရင်လည်း ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းမချောလေးတွေပါဝင်ပြီး သူတို့ရဲ့သီချင်းတွေကလည်း တကယ်ကို ဆွဲဆောင်မှုရှိလှပါတယ်။ သူတို့ရဲ့ Hit Song ဖြစ်တဲ့ “So Cool” ဟာဆိုရင်လည်း Billboard Korea K-Pop Hot 100 Singles Chart ထဲမှာပါဝင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Sister ရဲ့ “Ma Boy” ကတော့ အက်မိန်ရဲ့ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ပါ။ ဒါပေမယ့်လည်း ၂၀၁၇ မေ ၂၂ မှာတော့ Starship Entertainment က အဖွဲ့ကို ဖျက်သိမ်းတော့မယ်ဆိုတဲ့အကြောင်း တရားဝင်ပြောကြားခဲ့ပြီး အဖွဲ့ဝင်တစ်ဉီးချင်းစီကလည်း Fan တွေဆီကို သူတို့ကိုယ်တိုင်ရေးထားတဲ့ စာတွေနဲ့အတူ အဖွဲ့ကို ဖျက်သိမ်းတော့မယ့်အကြောင်းကို အတည်ပြုခဲ့ကြပါတယ်။

 

 

5. T-Ara

အဖွဲ့ဝင် ၆ ယောက်နဲ့ ၂၀၀၉ ခုနှစ်မှာ MBK Entertainment ကနေပြီး T-Ara ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ T-Ara လို့ပြောလိုက်တာနဲ့ တကယ်ကိုချစ်စရာကောင်းတဲ့ Visual တွေနဲ့လိုက်ဖက်လှတဲ့ အသံချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ Girl Group ဖြစ်တယ်ဆိုတာ Kpoper တိုင်းသိကြမှာပါ။ ဆုပေါင်းများစွာ ပိုင်ဆိုင်ထားပြီး “Roly-Poly” နဲ့ “Day By Day” လို့ဆိုရင်တော့ Kpoper တွေအနေနဲ့ မသိတဲ့သူမရှိလောက်တဲ့ T-Ara ရဲ့သီချင်းတွေဖြစ်ပါတယ်။ နားထောင်စေချင်တဲ့ T-Ara ရဲ့ သီချင်းလေးတစ်ပုဒ်ကို ညွှန်းပါဆိုရင်တော့ Admin အကြိုက်ဆုံး T-Ara ရဲ့ အဆွေးသီချင်းလေးဖြစ်တဲ့ “We Were in Love” လေးကိုညွှန်းချင်ပါတယ်။ ( မှတ်ချက် – လောလောလတ်လတ်အသဲကွဲနေတဲ့သူတွေဆို နားမထောင်ပါနဲ့လို့ပြောချင်ပါတယ် ငိုမိမှာစိုးလို့ပါ)

ပြီးတော့ T-Ara ဟာဆိုရင် China မှာအအောင်မြင်ဆုံး Girl Group ဖြစ်တဲ့အပြင် Billboard Korea K-Pop Hot 100 မှာ နံပါတ် ၆ နေရာမှာပါရောက်ရှိခဲ့တဲ့ K-Pop Group တစ်ခုဖြစ်ပါတယ်။ အဲ့ဒီလိုချစ်စရာကောင်းပြီး အရမ်းအောင်မြင်ခဲ့တဲ့ T-Ara ဟာဆိုရင်တော့ အဖွဲ့ဝင် ၄ လေးယောက်ပဲ ကျန်တော့တဲ့ အချိန် ၂၀၁၈ ဇန်နဝါရီ ၃ ရက်နေ့မှာ အဖွဲ့ဝင်တွေက MBK Entertainment နဲ့စာချုပ်အသစ်မချုပ်ဆိုတော့ဖူးလို့ ဆုံးဖြတ်လိုက်ပါတယ်ဆိုပြီး Hyomin က သူမရဲ့ Instagram ကနေတစ်ဆင့် ပြောပြခဲ့ပါတယ်။ MBK ကတော့ T-Ara ကိုတရားဝင်ဖျက်သိမ်းလိုက်ပြီဆိုတာတော့ ဘာမှမပြောထားပေမယ့် အားလုံးက ထွက်ခွာသွားကြတော့ အဖွဲ့ကွဲသွားတယ်လို့ပဲပြောရမှာပါ။ T-Ara နဲ့ MBK Entertainment ရဲ့ ဇာတ်လမ်းကြီးကလဲ အရှည်ကြီးမို့ Kpoper ဆိုရင်တော့ ဒီဇာတ်လမ်းကို သိကြမယ်ထင်ပါတယ်။ မသိသေးဖူးဆိုရင် ဒီနေရာ မှာ သွားဖတ်ကြည့်နိုင်ပါတယ်။

 

 

6. Miss A

အချစ်တော်လေး Suzy အပါအဝင် အဖွဲ့ဝင် ၄ ယောက်ပါဝင်တဲ့ JYP Entertainment ရဲ့ Idol Group ဖြစ်တဲ့ Miss A ကို “Chinese Wonder Girls” ဆိုပြီး 2010 မှာစတင်မိတ်ဆက်ပေးခဲ့တာပါ။ Miss A ရဲ့ Debut Album “Bad but Good” ထဲက “Bad Girl Good Girl” ဟာဆိုရင် KBS Music Bank မှာ နံပါတ် ၁ နေရာကိုချိတ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ “Only You” သီချင်းဟာဆိုရင်လည်း Release လုပ်ပြီး ၂၄ နာရီ အတွင်း YouTube မှာ 2 million views ရောက်ရှိခဲ့ပါတယ်။ အဖွဲ့ဝင်တွေအားလုံးက Solo activities တွေနဲ့ ကိုယ်စီလုပ်နေကြတဲ့အချိန် ၂၀၁၆ မေလမှာ Jia က အဖွဲ့ထဲကနေထွက်ခွာသွားခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ နိုဝင်ဘာမှာ Min ကလည်း JYP နဲ့ စာချုပ်ကုန်ဆုံးသွားပြီမို့ အဖွဲ့ထဲကနေထွက်ခွာခဲ့ပြီးနောက် ၂၀၁၇ ဒီဇင်ဘာမှတော့ JYP က Miss A ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့အကြောင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။

 

 

7. IOI

နာမည်ကြီး Reality Show ဖြစ်တဲ့ Produce 101 မှတစ်ဆင့် နောက်ဆုံးကျန်ရစ်တဲ့ အဖွဲ့ဝင် ၁၁ ယောက်ပါဝင်တဲ့ IOI ကို ၂၀၁၆ မေလ ၄ ရက်နေ့မှာ Debut လုပ်ခဲ့ပါတယ်။ IOI ရဲ့ “Pick Me” ကတော့ တကယ်ကို ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ Produce 101 ရဲ့ Team Song လေးပါ။ “Very Very Very” သီချင်းလေးကတော့ IOI အနေနဲ့ နောက်ဆုံး သီချင်းလေးပဲဖြစ်ပါတယ်။ အဖွဲ့ရဲ့သက်တမ်းက ၁ နှစ်လောက်သာကြာခဲ့ပေမယ့် ဆုပေါင်း ၇ ဆုရရှိခဲ့ပါတယ်။

၂၀၁၇ ဇန်နဝါရီမှာတော့ အဖွဲ့ကိုတရားဝင်ဖျက်သိမ်းလိုက်ပြီဆိုတဲ့အကြောင်းကို YMC ကပြောကြားခဲ့ပါတယ်။ အဖွဲ့ကို Reunite လုပ်ဖို့ရှိလားလို့ ဆိုတဲ့မေးခွန်းအပေါ်မှာတော့ နောက် ၅ နှစ်ဆိုရင်တော့ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး အသိပေးပါ့မယ်လို့ပြောကြားခဲ့ပါတယ်။ နောက် ၅ နှစ်မှာ အဖွဲ့ဝင် ၁၁ ယောက် စုံစုံလင်လင်နဲ့ IOI ကို ပြန်လည်တွေ့မြင်ရဉီးမလားဆိုတာကိုတော့ Admin ကိုယ်တိုင်လည်း အရမ်းပဲစိတ်ဝင်စားမိပါတယ်။ ဘာလို့လည်းဆို Produce 101 မှာ သူတို့ရဲ့ အမှန်အကန်အရည်အချင်းတွေနဲ့ Personality တွေကို Detail ကျကျ တွေ့မြင်ခဲ့ရတာမို့ အဖွဲ့ဝင် ၁၁ ယောက်နဲ့ IOI ကိုနောက်ထပ် မြင်ရဖို့ မျှော်လင့်မိပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *