Kendrick Lamar က သူ့ရဲ့ ‘Black Panther: The Album’ ရဲ့ Track List ကိုထုတ်ဖော်ကြေညာလိုက်ပြီ

ပူပူနွေးနွေး ဂရမ်မီ ၅ ဆုဆွတ်ခူးထားတဲ့ Kendrick Lamar က သူ့ရဲ့မကြာမီထွက်ရှိမယ့် ‘Black Panther: The Album’ မှာပါဝင်မယ့် သီချင်းတွေကို ထုတ်ဖော်ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။ အဲဒီ album မှာပါဝင်တဲ့သီချင်းတွေဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ရုံတင်မယ့် Marvel ရဲ့ ‘Black Panther’ ရုပ်ရှင်မှာအသုံးပြုထားတဲ့သီချင်းတွေဖြစ်ပါတယ်။

ဒီ album ထဲမှာ သီချင်းပေါင်း ၁၄ ပုဒ်ပါဝင်မှာဖြစ်ပြီး Kendrick Lamar ပါဝင်သီဆိုတဲ့သီချင်းပေါင်း ၅ ပုဒ်ပါဝင်ပါတယ်။ ကျန်တဲ့သီချင်းတွေကိုတော့ ရုပ်ရှင်နဲ့လိုက်ဖက်အောင် သူကိုယ်တိုင်စုစည်းထည့်သွင်းထားတာဖြစ်ပြီး The Weeknd, SZA, Travis Scott, Khalid, 2 Chainz နဲ့ Future စတဲ့အနုပညာရှင်တွေက ပါဝင်အားဖြည့်ထားပါတယ်။

Lamar ဟာ Black Panther ရုပ်ရှင်မှာပါဝင်တဲ့ သရုပ်ဆောင်တွေကအစ ဒါရိုက်တာထိအဆုံး အကုန်လုံးကအရမ်းထူးချွန်ကြတဲ့အတွက် ဒီလိုကြီးမားတဲ့ project တစ်ခုမှာပါဝင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်လို့ ပြောကြားထားပါတယ်။ ‘Black Panther: The Album’ က ရုပ်ရှင်မပြသမီတစ်ပတ်အလို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာထွက်ရှိမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဇန်နဝါရီလဆန်းတုန်းက ထုတ်ဖော်ပြသခဲ့တဲ့ အဲဒီ album ထဲကသီချင်းတွေဖြစ်တဲ့ All The Star နဲ့ King’s Dead တို့ကိုနားထောင်ကြည့်လိုက်ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *