‘DAMN’ Album နဲ့ ပူလစ်ဇာဆုရသွားခဲ့တဲ့ Kendrick Lamar

ရက်ပါကြီး Kendrick Lamar ကတော့ သူ့ရဲ့စတုတ္ထမြောက် Album ဖြစ်တဲ့ DAMN နဲ့ သီချင်းပိုင်းဆိုင်ရာ ပူလစ်ဇာဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဒါဟာ ပူလစ်ဇာသမိုင်းကြောင်း ၇၅ နှစ်အတွင်းမှာ Jazz နဲ့ Classical မဟုတ်တဲ့ သီချင်းအမျိုးအစားက ပထမဦးဆုံးအကြိမ် ဒီဆုကို ဆွတ်ခူးရရှိသွားခြင်းဖြစ်ပြီး Kendrick Lamar က သမိုင်းစာအုပ်ထဲမှာ မှတ်ကျောက်တင်သွားခြင်းလည်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကထုတ်ဝေခဲ့တဲ့ ‘DAMN’ Album ဟာ Kendrick Lamar ကို စကာတင်စာရင်းပေါင်းများစွာမှာပါဝင်စေခဲ့ပြီး ဂရမ်မီအပါအဝင် ဆုပေါင်းများစွာကို ဆွတ်ခူးရရှိစေခဲ့ပါတယ်။ ဒါ့အပြင် Album ထဲမှာပါဝင်တဲ့ သီချင်း ၁၄ ပုဒ်စလုံးဟာ Billboard Hot 100 စာရင်းထဲမှာပါဝင်ခဲ့တဲ့အထိ အမေရိကန်နိုင်ငံတွင်းမှာ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ပူလစ်ဇာအဖွဲ့က ဒီ Album ဟာ ခေတ်သစ် အာဖရိကန်-အမေရိကန်ဘဝကို ထိထိမိမိ ထင်ဟပ်ဖော်ပြနိုင်တဲ့အတွက် ဆုအတွက်ရွေးချယ်ခဲ့ရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

အနောက်တိုင်းသီချင်းတွေမှာ Pop နဲ့ R&B တွေနဲ့ပဲရင်းနှီးသူတွေအဖို့တော့ Kendrick Lamar ဆိုတဲ့နာမည်က အနည်းငယ်အလှမ်းဝေးနိုင်ပါတယ်။ အဲဒီတော့ နည်းနည်းနီးစပ်တာလေးတစ်ခုနဲ့တွဲပြီး ပြောပြချင်ပါတယ်။ တလောလေးကမှရုံတင်သွားတဲ့ Marvel ရဲ့ Superhero ရုပ်ရှင်တစ်ကားဖြစ်တဲ့ Black Panther ရဲ့ဇာတ်ဝင်သီချင်းတွေကို Kendrick Lamar က ဖန်တီးပေးခဲ့တာပါ။ ‘Black Panther: The Album’ လို့အမည်ရတဲ့အဆိုပါ Soundtrack Album ဟာဆိုရင်လည်း 2018 Billboard Music Awards မှာ Top Soundtrack Album ဆုအတွက် ဆန်ခါတင်ရွေးချယ်ခံထားရပါသေးတယ်။

ကဲ.. ဒီလိုသမိုင်းဝင်သွားတဲ့အဆိုတော်က ဘယ်လိုများလဲဆိုတာကိုတော့ ‘DAMN’ Album ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Humble’ ကိုနားထောင်ကြည့်ရင်း အဖြေရှာကြည့်လိုက်ပါလို့..

Ref: Billboard

Leave a Reply

Your email address will not be published. Required fields are marked *