၂၀၁၈ ဇန်နဝါရီလအတွက် Brand Value အမြင့်ဆုံး ကိုရီးယား Idol များ

လစဉ်စစ်တမ်းကောက်တဲ့ Brand Value အမြင့်ဆုံး ကိုရီးယား Idol စာရင်းက ဇန်နဝါရီလအတွက်ထွက်ရှိလာပါပြီ။

Brand Value အမြင့်ဆုံး Male Idol စာရင်းကိုရရှိဖို့အတွက် Korea Brand Research Center က Male Idol ၃၉၅ ယောက်ကို ၂၀၁၇ ဒီဇင်ဘာ ၁၈ ရက်နေ့ကနေ ၂၀၁၈ ဇန်နဝါရီ ၁၉ ရက်နေ့အတွင်း စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်အရဆိုရင် Brand Value အမြင့်ဆုံး နံပါတ် ၁ နေရာကို Wanna One အဖွဲ့ဝင် Kang Daniel က ရမှတ်ပေါင်း ၁၆ သန်းကျော်နဲ့ရယူသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ BTS အဖွဲ့ဝင် V က ရမှတ် ၁၁ သန်း၊ Wanna One အဖွဲ့ဝင် Park Ji Hoon က ရမှတ် ၅.၈ သန်းတို့နဲ့ ဒုတိယနဲ့တတိယနေရာတွေကို အသီးသီးရရှိသွားခဲ့ကြပါတယ်။ Kang Daniel အနေနဲ့ နံပါတ် ၁ နေရာမှာထိုင်နေတာ ဒါနဲ့ဆိုရင် ၆ လဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် Big Bang အဖွဲ့ဝင် G-Dragon က နံပါတ် ၄ နေရာ၊ Wanna One အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Ong Seong Wu နဲ့ Minhyun တို့က နံပါတ် ၅ နဲ့ ၆ နေရာ၊ BTS အဖွဲ့ဝင် Jimin နဲ့ Jungkook တို့က နံပါတ် ၇ နဲ့ ၈ နေရာအသီးသီးတို့နဲ့ ဒီစာရင်းကိုဦးဆောင်နေကြပါတယ်။

 

Brand Value အမြင့်ဆုံး Female Idol စာရင်းကိုတော့ Korea Institute of Corporate Reputation ကပြုစုထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ဇန်နဝါရီ ၂၀ ရက်နေ့အတွင်းက အချက်အလက်ပေါင်း သန်း ၁၁၀ ခန့်ကိုလေ့လာခဲ့တာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်အရဆိုရင် TWICE အဖွဲ့ရဲ့ Sana က ရမှတ်ပေါင်း ၃.၆ သန်းနဲ့ နံပါတ် ၁ နေရာကိုရရှိသွားခဲ့ပါတယ်။ Red Velvet ရဲ့ Irene နဲ့ Oh My Girl ရဲ့ Arin တို့ကတော့ ရမှတ်ပေါင်း ၃.၁ သန်းနဲ့ ၂.၈ သန်းတို့နဲ့ အနောက်ကနေ ကပ်ရပ်လေးလိုက်နေကြပါတယ်။

အဲဒီစာရင်းထဲမှာပါဝင်တဲ့ အခြား Idol တွေ အစဉ်လိုက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ~ Joy (Red Velvet), YooA (Oh My Girl), Mina (TWICE), Yeri (Red Velvet), Nancy (Momoland), Yeonwoo (Momoland), Nayeon (TWICE), Momo (TWICE), Seulgi (Red Velvet), Tzuyu (TWICE), JooE (Momoland), Solar (MAMAMOO), Taeyeon (Girl’s Generation), Dahyun (TWICE), Jungyeon (TWICE), Jiho (Oh My Girl), Jennie (Black Pink), Jihyo (TWICE), Seunghee (Oh My Girl), Hyomin (T-ara), Hani (EXID), Chaeyoung (TWICE), Solji (EXID), Seohyun (Girl’s Generation), YoonA (Girl’s Generation), Yerin (G-Friend) နဲ့ Jisoo (Black Pink) တို့ဖြစ်ပါတယ်။

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *