‘Korean National Mint’ မှနေပြီး Exo အဖွဲ့ကိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုဆုတံဆိပ်ကိုထုတ်လုပ်ဖို့ရှိ

မတ်လ ၁၂ ရက်နေ့မှာ ‘Korean National Mint’ မှ ကိုရီးယား K-Pop အဖွဲ့တစ်ခုဖြစ်တဲ့ Exo အဖွဲ့ရဲ့အောင်မြင်ကျော်ကြားမှုတွေကို ဂုဏ်ပြုပေးသောအားဖြင့် Exo အဖွဲ့ရဲ့အမှတ်တံဆိပ်ပါဝင်တဲ့ Medal တွေကိုထုတ်လုပ်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Korean National Mint ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ငွေကြေးတွေကို ထုတ်လုပ်ပေးနေတဲ့ အစိုးရပိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ ယခင်ကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမှတ်အသားတွေကို Medal တွေမှာ ရိုက်နှိပ်ထုတ်ဝေခဲ့ဖူးတယ်လို့သိရပါတယ်။ ယင်းအဖွဲ့အစည်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ‘Pyeongchang Winter Olympic’ ပွဲတော်ကို မှတ်တမ်းတင်တဲ့အနေနဲ့လည်း အမှတ်အသား ငွေအကြွေစေ့လေးတွေကိုထုတ်ဝေခဲ့ပါသေးတယ်။

KOMSCO (Korean Minting and Security Printing Corporation) ကနေပြီး “သူတို့အနေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အရမ်းကိုအောင်မြင်ကျော်ကြားနေတဲ့ Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Exo အဖွဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ပြု Medal လေးတွေကို လာမယ့် ဧပြီလအလယ်လောက်မှာ ထုတ်ဝေဖို့ရှိပါတယ်” ဆိုပြီးထုတ်ပြန်ကြေညာခဲ့ပါတယ်။ Exo ဟာ Korean Wave ကြီး ကမ္ဘာတဝန်းကို ရောက်ရှိပြန့်ပွားစေရာမှာ အရမ်းအခရာကျတဲ့နေရာကနေ ပါဝင်ခဲ့တဲ့အတွက် ဒီလိုဂုဏ်ပြုရခြင်းဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားထားခဲ့ပါတယ်။

Exo အဖွဲ့ရဲ့အမှတ်သားပါဝင်မယ့် အဆိုပါ Medal ကို ငွေကြေးဒီဇိုင်းမှာကျွမ်းကျင်တဲ့ပညာရှင်တစ်ဦးက ဖန်တီးပေးမှာပဲဖြစ်ပါတယ်။ Medal ရဲ့ရှေ့မျက်နှာစာမှာတော့ Exo အဖွဲ့ဝင် ၉ ယောက်ရဲ့ မျက်နှာသွင်ပြင်တွေ ထည့်သွင်းရေးဆွဲပြီး ဖန်တီးထားပါတယ်။ Coin အနောက်ဘက်ခြမ်းကိုတော့ Exo အဖွဲ့ရဲ့ Logo အမှတ်တံဆိပ်ကို အတုအပပြုလုပ်သူတွေရဲ့ရန်မှကာကွယ်နိုင်ရန် အထူးစီမံပြီး အရမ်းကိုလှပသေသပ်စွာနဲ့ ပြုလုပ်ဖို့အတွက် ရည်ရွယ်ထားတယ်လို့လည်းသိရပါတယ်။

ဒါကြောင့် Exo ဟာ သမိုင်းမှာ ပထမဦးဆုံး ဒီလိုဂုဏ်ပြုခြင်းခံရတဲ့ K-Pop Star အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ K-Pop Idol အဖွဲ့တွေရဲ့ကိုယ်စားရော Exo Fan တွေရဲ့ကိုယ်စားပါ အရမ်းကိုဝမ်းသာဂုဏ်ယူမိပါတယ်ရှင်…။ Exo တို့ရဲ့ကြိုးစားအားထုတ်မှုအရာရောက်ရုံသာမက Fan တွေရဲ့အားပေးမှုတွေကိုပါပေါင်းစပ်ပြီး သမိုင်းတွင်အောင်လုပ်ဆောင်နိုင်ခဲ့ပြီနော်။ Exo အဖွဲ့ကိုဂုဏ်ပြုလိုက်ပါတယ်ရှင်။

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *