G Fatt နဲ့အတူ Profile Pic လေး ဆင်တူလိုက်ပြောင်းကြမယ်

g fatt 120B

G Fatt ရဲ့ အသစ်စက်စက်ခွေ 120/B ကို လာမယ့် မတ်လ ၂ ရက်နေ့ဆိုရင် အများပြည်သူနားဆင်လို့ရအောင် ထုတ်ဝေပေးတော့မှာဖြစ်ပါတယ်။ ဒီခွေထဲမှာ Intro သီချင်းအပါအဝင် သီချင်းပေါင်း ၁၄ ပုဒ်တိတိပါဝင်မှာဖြစ်ပြီး ရသစုံဖြစ်အောင် ကြိုးစားဖန်တီးထားတယ်လို့ဆိုပါတယ်။

ယမန်နှစ်ဒီဇင်ဘာလကတည်းကနေ ဒီခွေထွက်အကြောင်းပြောနေခဲ့ပေမယ့် နေရာနဲ့အချိန်အခက်အခဲတွေကြောင့် ဒီနှစ်မတ်လအထိရောက်ရှိသွားတာဖြစ်ကြောင်းလည်း G Fatt က မနေ့ကပြုလုပ်ခဲ့တဲ့ live ကနေတစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။ ဒီလောက်အထိ အချိန်တွေဆွဲလာခဲ့ရတော့ စောင့်မျှော်နေတဲ့ပရိသတ်ကြီးတွေအတွက် တန်သွားအောင် အခွေမိတ်ဆက်ပွဲကို အများစုအားလပ်မယ့်ရက်ကို ရအောင်ရွေးချယ်ထားပါတယ်လို့လည်း ဆိုထားပါတယ်။

120/B အခွေမိတ်ဆက်ပွဲကို မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီကနေ ၇ နာရီထိ Junction City Indoor Area မှာပြုလုပ်သွားမှာဖြစ်ပြီး G Fatt အပါအဝင် ဒီခွေထဲမှာပါဝင်ထားကြတဲ့အနုပညာရှင်တွေက အမှတ်တရလက်မှတ်ရေးထိုးပေးသွားမှာဖြစ်ပါတယ်။ G Fatt က သူ့ချစ်ပရိသတ်တွေကို ပွဲကျင်းပမယ့်နေရာကို စောစောလာကြဖို့လည်း ဖိတ်ခေါ်ထားပါသေးတယ်။

လောလောဆယ်မှာတော့ G Fatt ကိုချစ်တဲ့ပရိသတ်တွေက သူတို့ရဲ့ Profile Picture လေးတွေကိုပြောင်းပြီး မတ်လ ၂ ရက်နေ့ကို စောင့်မျှော်နေကြပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ခွေနဲ့ပတ်သက်တဲ့ Promotion တွေ၊ ပရိသတ်တွေအတွက် ပျော်ရွှင်ဖွယ်အစီအစဉ်လေးတွေလည်း လာဦးမှာဖြစ်လို့ နားစွင့်နေကြဖို့လည်း တိုက်တွန်းထားပါသေးတယ်။ မန္တလေးကချစ်ပရိသတ်တွေအတွက်လည်း Promotion ပွဲရှိနိုင်ပြီး ဒီအကြောင်းကို နောက်မှသပ်သပ်ထပ်ကြေညာမယ်လို့ ပြောကြားခဲ့ပါတယ်။

ကဲ… Profile Picture လေးတွေပြောင်းပြီး 120/B ကိုကြိုဆိုလိုက်ကြရအောင်လား… ?

Leave a Reply

Your email address will not be published. Required fields are marked *