စင်ကာပူ၊ ဟောင်ကောင်နဲ့ တိုင်ပေတို့ကိုလာမယ့် LiSA ရဲ့ Asia Tour

နာမည်ကျော် Anisong အဆိုတော်တစ်ဦးဖြစ်တဲ့ LiSA ဟာ သူမရဲ့ “LiVE is Smile Always~ASiA TOUR 2018~” ရဲ့တစ်စိတ်တစ်ဒေသအနေနဲ့ စင်ကာပူ၊ ဟောင်ကောင်နဲ့ တိုင်ပေမြို့တို့မှာလာရောက်ဖျော်ဖြေမယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၁၈ ဇူလိုင် ၂၁ မှာ စင်ကာပူ၊ သြဂုတ် ၁၁ မှာ ဟောင်ကောင်နဲ့ သြဂုတ် ၁၈ မှာ တိုင်ပေမြို့တို့မှာ လိုက်လံဖျော်ဖြေမှာဖြစ်ပါတယ်။

Angel Beats!, Fate/stay night: Unlimited Blade Works, Fate/Zero, Sword Art Online, Nisekoi, Mahouka Koukou no Rettousei စတဲ့ နာမည်ကြီး anime series တွေရဲ့ theme song တွေကိုသီဆိုပေးထားသူမို့ LiSA လို့ဆိုလိုက်ရင် anime ကြည့်သူတိုင်းမသိသူမရှိသလောက်ပါပဲ။ သူမရဲ့နောက်ဆုံးထွက်ရှိထားတဲ့ single ဖြစ်တဲ့ “Ash” ဟာဆိုရင်လည်း ဒီ season ရဲ့ နာမည်ကြီး anime series တစ်ခုဖြစ်တဲ့ Fate/Apocrypha ရဲ့ ဒုတိယမြောက်အဖွင့်သီချင်းအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *