နိုင်ငံပေါင်း ၁၇ နိုင်ငံရဲ့ iTunes Albm Chart မှာ နံပါတ် ၁ နေရာရယူထားတဲ့ IKON ရဲ့ Come Back Album “Return” ထဲက “Love Scenario”

Comeback မလာတာကြာပြီဖြစ်တဲ့ iKON ရဲ့ Comeback album “Return” ထဲက title Song ဖြစ်တဲ့ “Love Scenario” ဟာ မထင်မှတ်လောက်အောင်ပဲ နိုင်ငံပေါင်း ၁၇ နိုင်ငံရဲ့ iTunes Album Chart မှာ နံပါတ် ၁ နေရာရယူထားခဲ့ပါတယ်။ “Love Scenario” ဆိုတဲ့ MV ကို ဇန်နဝါရီ ၂၅ ရက်နေ့မှာ YouTube မှာ ထုတ်လွှင့်ခဲ့ပြီ ၂၆ ရက်နေ့မှာတော့ Armenia, Brunei, Cambodia, Colombia, Costa Rica, Estonia, Greece, Hong Kong, Indonesia, Kazakhstan, Malaysia, Philippines, Romania, Singapore, Taiwan, Thailand နဲ့ Turkey အစရှိတဲ့ နိုင်ငံတွေရဲ့ iTunes Album Chart မှာ နံပါတ် ၁ နေရာရယူထားခဲ့ပါတယ်။

YG ရဲ့ CEO ဖြစ်တဲ့ Yang Hyun-suk ကလည်း IKON ရဲ့ “Love Scenario” က နိုင်ငံပေါင်း ၁၇ နိုင်ငံရဲ့ iTunes Albm Chart မှာ နံပါတ် ၁ ရယူထားခဲ့ပါတယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ Instagram မှာတင်ခဲ့ပါသေးတယ်။

Congratulations iKONIC တို့ရေ ……

တစ်ခြား Kpop Idol တွေက Comeback အလျိုလျိုထွက်လာပေမယ့် iKON ကရော ဘယ်တော့လာမှာလည်းနဲ့ မျှော်ရတာ လည်ပင်းရှည်ရကြိုးနပ်သွားပါပြီ။ iKONIC အတွက်ကတော့ တကယ့်ဝမ်းသာစရာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *