Love yourself: Tear အယ်လ်ဘမ်နဲ့ ဂရမ်မီဆု ဇကာတင်စာရင်းထဲ ဝင်ခဲ့တဲ့ BTS

တောင်ကိုရီးယားရဲ့ နာမည်ကြီး Boy Band တစ်ခုဖြစ်တဲ့ BTS ဟာ ဒီနှစ်အတွင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ဆုပေးပွဲတွေ တော်တော်များများမှာပဲ ဆုတွေ သိမ်းပိုက်နိုင်ခဲ့တာ မဟုတ်ဘဲ အမေရိကန်ရဲ့ ဂီတဆုပေးပွဲ တွေမှာပါ ဆုတွေသိမ်းပိုက်နိုင်ခဲ့တာပါ။ အခုဆိုရင်လဲ BTS အဖွဲ့ဟာ မှတ်တိုင်သစ်တစ်ခုကို ထပ်မံစိုက်ထူနိုင်လိုက်ပြန်ပါပြီ။

အဲ့တာကတော့ အမေရိကန်ဂီတဆုပေးပွဲတွေထဲမှာမှ အမြင့်ဆုံးဖြစ်တဲ့ ဂရမ်မီဆုပေးပွဲရဲ့ ဇကာတင်စာရင်းထဲမှာ ပါဝင်လာခဲ့တာပါပဲ။ ၆၁ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲရဲ့ ဇကာတင်စာရင်းတွေက ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။ ဒီ ဇကာတင်စာရင်းထဲမှာ BTS ရဲ့ Love Yourself:Tear အယ်လ်ဘမ်က Best Recording Package အတွက် ဇကာတင်စာရင်းထဲမှာ ပါဝင်လာခဲ့တာပါ။

ဒါပေမဲ့ Army တွေကတော့ ဝမ်းနည်းရမလိုလို၊ ဝမ်းသာရမလိုလို ဖြစ်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Best Recording Package အတွက် ဇကာတင် ဝင်တဲ့အတွက်ကြောင့်မို့လို့ အယ်လ်ဘမ် ဒါရိုက်တာဖြစ်တဲ့ HuskyFox က ရမှာပါ။ HuskyFox က ဆိုးလ်အခြေစိုက် Branding ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

အဲ့ဒီအပြင်ကို St.Vincent’s Masseduction, Mitski’s Be The Cowboy, The Chairman’s The Offering နဲ့ Foxhole’s Well Kept Thing တို့ကလည်း အယ်လ်ဘမ်ရဲ့ packaging အပိုင်းမှာပါဝင်ခဲ့တဲ့ အတွက် သူတို့လည်း ဇကာတင်စာရင်းထဲမှာ ပါတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ်ပါ…Love Yourself: Tear အယ်လ်ဘမ်ကို အကြောင်းပြုပြီးရတဲ့အတွက်ကြောင့်မို့လို့ ကောင်းတယ်လို့ပဲ ပြောရမှာပါပဲ။

Love Yourself အယ်လ်ဘမ် စီးရီးထဲက တစ်ခုဖြစ်တဲ့ Love Yourself:Tear အယ်လ်ဘမ်က မေလတုန်းက Billboard ရဲ့ Top 200 ထဲမှာ နံပါတ်တစ်ဖြစ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *