လုပ်ချလိုက်ပြန်ပြီ Maroon 5 ရယ် (ကုန်ပြီလား!)

ဒီကနေ့ရဲ့ အင်တာနက် အသုံးပြုသူအားလုံး တနေရာတည်း ရောက်ရှိနေတဲ့ နေရာကို ပြပါဆိုရင်တော့ Maroon 5 ရဲ့ music video အသစ်လို့ ပြောချင်ပါတယ်။ မြေကြီးလက်ခက်မလွဲပါ။  ဘာကြောင့်လည်းဆိုရင်တော့ Maroon 5 ရဲ့ ”Girls Like You” ဆိုတဲ့ MTV ကို မေလ ၃၁ ရက်နေ့မှာ လွှင့်တင်ခဲ့တဲ့တာဖြစ်ပြီး Featuring အနေနဲ့ Cardi B က ပါဝင်သီဆိုထားပါတယ်။

သီချင်းရဲ့ MTV ကိုတော့ ရိုးရိုးရှင်းရှင်း indoor ရိုက်ကူးထားပြီး ဟော်လီးဝုဒ် အကျော်အမော် နာမည်ကြီး အဆိုတော်တွေသာမက နာမည်ကြီးသရုပ်ဆောင်၊ မော်ဒယ်တွေအပြင် နာမည်ကြီး အမျိုးသမီးအားကစားသမားတွေကို ပါဝင်ရိုက်ကူးထားတာ တွေ့ရပြီး နောက်ဆုံးမှာတော့ မိန်းမနဲ့ကလေးကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။

အဆိုတော်တွေအနေနဲ့ Camila Cabello, Dua Lipa, Jennifer Lopez, Mary J. Blige, and Rita Ora တို့ကို မြင်တွေ့ရမှာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်၊ မော်ဒယ်တွေအပြင် YouTube stars တွေဖြစ်တဲ့ Gal Gadot, Lilly Singh, Ashley Graham, Ellen DeGeneres, Sarah Silverman, Tiffany Haddish, Millie Bobby Brown တို့ကိုပါတွေ့ရမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး နာမည်ကြီး အမျိုးသမီး အားကစားသမားတွေဖြစ်တဲ့ Aly Raisman, Chloe Kim, and Danica Patrick တို့ကိုလည်း တပြိုင်နက်တွေ့ရအုံးမှာပါ။

သီးချင်းရဲ့ပုံစံကိုတော့ သရုပ်ဆောင်နဲ့ တွဲဖက်ပြီး နားဆင်ကြည့်လိုက်ရင် ပိုအဆင်ပြေလိမ့်မယ့်လို့ အကြံပြုချင်ပါတယ်။ အောက်က Youtube video မှာ တချက်ရှိုးလိုက်နော်…

Leave a Reply

Your email address will not be published. Required fields are marked *