‘T-ara’ နာမည်ကို မူပိုင်ခွင့်တင်လိုက်တဲ့ MBK Entertainment

‘T-ara’ အဖွဲ့ဝင်တွေအနေနဲ့ MBK Entertainment ကထွက်လာပြီးနောက်မှာ သူတို့အဖွဲ့ရဲ့သီချင်းတွေကို ဆက်လက်သီဆိုလို့ရမှာမဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ MBK Entertainment က ‘T-ara’ နာမည်ကို မူပိုင်ခွင့်ရယူလိုက်တဲ့အတွက်ဖြစ်ပါတယ်။

MBK Entertainment ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၈ ရက်နေ့တုန်းက Korean Intellectual Property Office မှာ ‘T-ara’ နာမည်ကို မူပိုင်ခွင့်လျှောက်ထားခဲ့ပါတယ်။ အဲဒါဟာ T-ara အဖွဲ့ဝင်တွေ MBK နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခါနီးမှာ အချိန်ကိုက်လုပ်လိုက်တာပဲဖြစ်ပါတယ်။ အဲဒီတော့ ဘာတွေပြောင်းလဲသွားသလဲ..

ပထမဦးဆုံးအနေနဲ့ T-ara အဖွဲ့ဝင်ဟောင်းတွေဟာ ‘T-ara’ ဆိုတဲ့နာမည်ကို ဆက်လက်အသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။ သူတို့အနေနဲ့ သီချင်းဆက်လက်သီဆိုလိုတယ်ဆိုရင် နာမည်အသစ်တစ်ခုကိုဖန်တီးရမှာဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ သူတို့အရင်ကသီဆိုခဲ့တဲ့သီချင်းတွေဟာ T-ara နာမည်အောက်မှာဖြစ်တဲ့အတွက် MBK ကနေထွက်ခွာသွားပြီးတဲ့နောက် အဲဒီသီချင်းတွေကို ဆက်လက်သီဆိုခွင့်ရမှာမဟုတ်တော့ပါဘူး။ တကယ်လို့ အဲဒီသီချင်းတွေကိုသီဆိုလိုတယ်ဆိုရင် MBK ကို အခကြေးငွေပေးဆောင်ရမှာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ BEAST (လက်ရှိ Highlight) အဖွဲ့နဲ့ Cube Entertainment တို့ကြားကအဖြစ်အပျက်နဲ့ ပုံစံတူနေတာကိုတွေ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာလည်း Cube Entertainment က BEAST နာမည်ကို မူပိုင်ခွင့်ပြုလုပ်လိုက်တဲ့အတွက် အဖွဲ့သားတွေဟာ နာမည်အသစ်နဲ့ ဆက်လက်လှုပ်ရှားနေကြရတာဖြစ်ပါတယ်။

MBK ကတော့ Label တစ်ခုအနေနဲ့ ‘T-ara’ နာမည်ကို မူပိုင်ခွင့်ရယူခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်တစ်ခုမဟုတ်ဘူးလို့ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

သတင်းကောင်းကတော့ T-ara အဖွဲ့ဝင်ဟောင်းတွေဟာ MBK ကထွက်ခွာလာပြီဖြစ်ပေမယ့် အဖွဲ့ဝင်တွေအားလုံး တစ်စုတစ်စည်းတည်းနဲ့ အနုပညာလှုပ်ရှားမှုတွေကိုဆက်လက်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *