Momoland ရဲ့ အဖွဲ့ဝင်လေး Jane ဟာ Boy Group တစ်ခုရဲ့ Fansite Master အနေနဲ့အားပေးရပ်တည်ခဲ့ဖူး

Momoland ဆိုတဲ့ girl group အဖွဲ့လေးရဲ့ Lead Dancer လေး Song Jane ကတော့ “Successful Fan” ဆိုတဲ့စကားလုံးနဲ့ ကွက်တိပါပဲ။ သူမဟာ ငယ်ရွယ်စဉ်တုန်းက သူမရဲ့ Favourite Boy Group တစ်ခုရဲ့ Real Fan လေးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်တဲ့။ ဘယ်လောက်ထိတောင်လည်းဆို အဲဒီ Boy Group ရဲ့ Fansite Master တစ်ယောက်အနေနဲ့ အားပေးရပ်တည်ခဲ့တဲ့အထိပါပဲ။

အခု သူမရဲ့ Fan လေးတွေကပဲ သူမ Momoland အဖွဲ့နဲ့ ပွဲဦးမထွက်ခင်က သူမဟာ Infinite အဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ L နဲ့ Sunggyu တို့နှစ်ဦးရဲ့ဓာတ်ပုံလေးမှာ “Baby’s Breath” ဆိုတဲ့စာသားလေးကိုရေးသားပြီး “Pudding” ဆိုတဲ့ Nickname နဲ့သူမရဲ့ Twitter မှာတင်ခဲ့ဖူးတာကို ဖော်ထုတ်လိုက်ကြပါတယ်။ သူမရဲ့ Twitter account (@BB_Pudding) ကိုတော့ Momoland နဲ့အတူ ပွဲဦးထွက်ပွဲမတိုင်ခင်မှာ အကုန်လုံးကိုဖျက်ခဲ့ပေမယ့် Fan လေးတွေက ပုံတွေကိုရှာတွေ့နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Jane ရဲ့ အရမ်းကိုအမှတ်တရဖြစ်စေတဲ့အခိုက်အတန့်လေးကိုလည်း သူမရဲ့ Fanတွေကပဲ သိမ်းဆည်းပေးခဲ့ပါတယ်။ ပွဲတစ်ခုမှာ Jane ဟာ သူမအရမ်းကိုသဘောကျရူးသွပ်ခဲ့ဖူးတဲ့ Idol Boy Group နဲ့အတူ စင်ပေါ်မှာ ဘေးချင်းယှဉ်ရပ်ခဲ့ရပါတယ်။ အဲ့ဒီပုံလေးထဲမှာ Jane ရဲ့ ပုံစံက အရမ်းကို စိတ်လှုပ်ရှားနေတဲ့ပုံပါ။ သူမရဲ့ Fan တွေကတော့ “Jane ကသူမအတွက်အရမ်းအရေးပါတဲ့လူတစ်ယောက်ရဲ့ဘေးမှာရပ်နေရသလို မျက်နှာကရှက်သွေးတွေဖြာပြီး မဝံ့မရဲဖြစ်နေပေမယ့် အလွန့်အလွန်ကိုပျော်ရွှင်နေပုံရပါတယ်” လို့ ဓာတ်ပုံလေးကို Social Media မှာတင်ပြီးစနောက်ထားပါတယ်။

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *