Album အသစ်ကို အပြီးသတ်နေတဲ့ Avril Lavinge

အမေရိကန် Rock လောကရဲ့ ဘုရင်မ တစ်ယောက်လို့ ဆိုလို့ရတဲ့ Avril Lavinge ဟာ ဂီတလောကမှာ ပျောက်နေခဲ့တာ အတော်ကြာပါပြီ။ ဂီတလှုပ်ရှားမှုတွေလည်း သိပ်မရှိတော့ဘဲနဲ့ သူ့နဲ့ ပတ်သတ်တဲ့ သတင်းတွေကလည်း အတော်ကို နည်းနေခဲ့တာပါ။ သူမကို public မှာ နောက်ဆုံးတွေ့ခဲ့ရတာကတော့ April 20 ရက်နေ့က Beverley Hills မှာ ကျင်းပခဲ့တဲ့ MS Gala မှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇွန်လ ၂၅ ရက်နေ့မှာတော့ သူ့ရဲ့ တွစ်တာ ကနေပြီးတော့ Album အသစ်အကြောင်း ကို ပြောပြထားခဲ့တာကို တွေ့ရပါတယ်။ Avril က သူရဲ့ Album အသစ်ကို လက်စသတ်နေပြီ ဆိုပြီး တင်ထားခဲ့ပါတယ်။ Katy Perry ရဲ့ Roar သီချင်း Britney Spears ရဲ့ Hold It Against Me စတဲ့သီချင်းတွေကို ရေးသားပေးခဲ့တဲ့ သီချင်းရေးဆရာမလေး Bonnie McKee နဲ့အတူ အလုပ်အတူတွဲလုပ်နေခဲ့တာပါ။ အခုထွက်ရှိလာမဲ့ Album ရဲ့နာမည်ကိုလည်း မသိရသေးသလို အပုဒ်ရေ ဘယ်နှပုဒ်ပါဝင်မလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။ ဒီ Album က တော့ Avril ရဲ့ ၆ ခုမြောက် Album ဖြစ်လာမှာ ဖြစ်ပြီး Bonnie နဲ့အတူလက်တွဲလုပ်နေတာဆိုတော့ သီချင်းအမိုက်စားတွေကို မျှော်လင့်လို့ရမယ်လို့ ထင်ပါတယ်။ Avril ရဲ့ ပရိသတ်တွေရေ…..

အခု Album မှာရော Avril က ဘယ်လိုသီချင်းတွေနဲ့ ပြန်လာဦးမလဲ Hello Kitty လိုမျိုး ထပ်ပြီး ဝေဖန်ခံရဦးမှာလားဆိုတာကို စောင့်ကြည့်ကြရအောင်……

Leave a Reply

Your email address will not be published. Required fields are marked *