Album အသစ်အတွက် အလန်းလွန်စွာ ကြော်ငြာဓာတ်ပုံရိုက်ခဲ့တဲ့ Christina Aguilera

အဆိုကျော် Christina Aguilera ရဲ့ Liberation ဆိုတဲ့ album အသစ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့တုန်းက ထွက်ရှိခဲ့ပါတယ်။ အခုရက်ပိုင်းမှာတော့ အဲဒီအခွေအတွက် Promotion လုပ်တဲ့ ဓာတ်ပုံတချို့ဟာ Instagram ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေထဲက တစ်ပုံဟာ တော်တော်လေးကို အလန်းလွန်သလိုရှိပြီး အရမ်းလည်း Hot နေခဲ့သလိုရှိတာမို့ Christina ရဲ့ ပရိသတ်တော်တော်များများဆီက တအံ့တသြ ဖြစ်နေကြတဲ့အသံတွေ ထွက်လာကြတယ်လို့ သိရပါတယ်။

A post shared by Christina Aguilera (@xtina) on

Christina ရဲ့ ဓာတ်ပုံတွေကို Instagram ပေါ်မှာ စပြီးတင်ခဲ့တဲ့ Account ကတော့ Milan Zrnic ဆိုတဲ့ Account ပဲ ဖြစ်ပါတယ်။ အဲဒီ Account ပိုင်ရှင်ဟာ Christina ကို ဓာတ်ပုံတွေ ရိုက်ပေးခဲ့တဲ့ ဓာတ်ပုံဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူတင်တဲ့ Christina ရဲ့ ပုံတွေထဲက နှစ်ပုံကတော့ သာမာန်ဆွဲဆောင်မှုရှိတဲ့ ပုံမျိုးတွေပဲ ဖြစ်ပေမဲ့ တစ်ပုံကတော့ တကယ့်ကို အလန်းလွန်နေပြီး အရမ်း Sexy ကျနေသလို ရှိနေခဲ့တာမို့ သူမရဲ့ ပရိသတ်တွေဆီက အံ့သြသံတွေ ဝေဝေစည်စည် ထွက်လာခဲ့တော့တာပဲ ဖြစ်ပါတယ်။ အဲဒီပုံရဲ့အရောင်အသွေးက အဖြူအမည်းဖြစ်ပြီး Christina က ပုံထဲမှာ ရင်ကိုကော့လို့ ခေါင်းကိုမော့ထားရင်း မျက်စေ့တွေကို ခပ်မျဉ်းမျဉ်း မှိတ်ထားခဲ့ပါတယ်။

နောက်ပြီး… သူမခန္ဓာကိုယ် အထက်ပိုင်းမှာတော့ ဘလေဇာကုတ်တစ်ထည်ကိုသာ ကပိုကရိုဝတ်ထားပြီး ဖွံ့ထွားလှတဲ့ သူမရဲ့ ရင်သားတစ်ဖက်နဲ့ပခုံးကို ရဲတင်းစွာ လှစ်ဟ ဖော်ပြထားခဲ့သေးတာပါ။ အဲဒီမှာ ရင်သားထိပ်ဖျားပိုင်းကို ဆင်ဆာသဘောမျိုးလေး နည်းနည်းကွယ်ထားတာမို့ တော်သေးတယ်လို့ ဆိုနိုင်ပေမယ့် ပုံက အပေါ်ပိုင်းတစ်ခုလုံး ဗလာကျင်းမသွားရုံတမည်လို့ ဆိုရင်လည်း ရနိုင်ပါတယ်။ အဲဒီလို အနေအထားတွေကြောင့် ဒီဓာတ်ပုံဟာ ရဲတင်းလွန်းတဲ့ပုံစံ ပေါက်နေခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ချိုမြသြရှတဲ့ အသံပိုင်ရှင်ဖြစ်သူ Christina ဟာ အခွေသစ်မထွက်တာ ကြာခဲ့ပါပြီ။ အခုတော့ Christina က ဒီအခွေသစ်ထဲမှာ R&B, Soul စတဲ့ ဂီတအမျိုးအစားတွေကို အားပါးတရထည့်ကာ သီဆိုထားတာမို့ သူမရဲ့ ပရိသတ်တွေအတွက် အမှန်တကယ် စောင့်ရကျိုးနပ်မှာ သေချာတယ်လို့ ပြောနေကြပါတယ်။

ဂရမ်မီဆုနဲ့ အခြားဆုပေါင်းများစွာကို ရခဲ့ဖူးသူ Christina ဟာ ၁၉၉၉ ခုနှစ်တုန်းက ပထမဦးဆုံးထွက်ခဲ့တဲ့ သူမရဲ့အခွေထဲက Genie In A Bottle ဆိုတဲ့ သီချင်းနဲ့ စတင်ကမ္ဘာကျော်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ၂၀၀၅ ခုနှစ်မှာ Jordan Bratman ဆိုတဲ့လူနဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၁ မှာ ပြန်လည် ကွာရှင်းခဲ့ပါတယ်။ လောလောဆယ်မှာတော့ ၂၀၁၀ ကတည်းက တွဲလာတဲ့ Matthew Rulter နဲ့  စေ့စပ်ထားတယ်လို့ သိရပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်သလို ကလေးနှစ်ယောက်ရဲ့ အမေလည်းဖြစ်နေတဲ့ Christina ဟာ ခုထိ လန်းနေဆဲဖြစ်တာကို သူမရဲ့ အခုလိုပုံတွေအရ ဘယ်သူမှ ငြင်းဆန်နိုင်လိမ့်မယ်လို့ မထင်မိတော့ပါဘူး။       ။

Leave a Reply

Your email address will not be published. Required fields are marked *