လဲကျရာက ပြန်ထခဲ့သူများထဲက Heavy Metal Godfather – Tony Iommi

ဘဝခရီးကိုလျှောက်လှမ်းကြတဲ့အချိန်မှာ လူတွေက အကြိမ်ကြိမ်ချော်လဲကြရမှာပါပဲ။ ဘာကြောင့်ချော်လဲရသလဲလို့ ငိုကြွေးနေမယ့်အစား ကျွန်မတို့ ပြန်ထဖို့ကြိုးစားသင့်ပါတယ်။ ဘယ်လိုပြန်ထမလဲ.. သူများတွေဘယ်လိုပြန်ထခဲ့ကြသလဲ။ လူတိုင်းက မဖြစ်နိုင်တော့ပါဘူးဆိုပြီး အရှုံးပေးခဲ့တဲ့အရာတွေကို ချော်လဲသူတွေ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲဆိုတာကို ကျွန်မတို့ဘေးနားမှာ လက်ရှိရှိနေတဲ့ အောင်မြင်သူတွေကိုကြည့်ပြီး အတုယူနိုင်ပါတယ်။ အဲ့ဒီအောင်မြင်တဲ့သူတွေဟာ နိုင်ငံတိုင်းမှာ နေရာတိုင်းမှာရှိနေပြီး အောင်မြင်တဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနေကြတာကို လက်တွေ့ တွေ့မြင်ရမှာပါ။ Tony Immoi ဆိုတဲ့လူကလည်း အဲ့ဒီလူတွေထဲမှာတစ်ယောက်အပါအဝင်ပါပဲ။

A post shared by Tony Iommi (@tonyiommi) on

သူဟာ Rock Band တွေမှာ ဂီတာတီးတဲ့သူတစ်ယောက်ပါ။ လူတိုင်းအတွက် လက်ချောင်းလေးတွေဟာ အလွန်အရေးပါပါတယ်။ ဂီတာသမားတစ်ယောက်အတွက်လည်း သံစဉ်တွေဖန်တီးနိုင်ဖို့ လက်ချောင်းလေးတွေဟာ သိပ်ကိုအရေးပါပါတယ်။ ဒါပေမယ့် အသက် ၁၇ နှစ်မှာ Tony ဟာ သူ့ရဲ့လက်ခလယ်ထိပ်နဲ့ လက်သကြွယ်ထိပ်တို့ကို မတော်တဆမှုတစ်ခုကြောင့်ဆုံးရှုံးလိုက်ရပါတယ်။ “မင်းဂီတာကို ဘယ်လိုတီးရသလဲဆိုတာတောင် မေ့ကောင်းမေ့သွားနိုင်တယ်” ဆိုတဲ့စကားဟာ သူ့ကိုတော်တော်စိတ်ထိခိုက်စေခဲ့တယ်။ ဂီတာသမားတစ်ယောက်ဟာ သူဂီတာမတီးနိုင်တော့ဘူးဆိုတဲ့အသိကို လက်မခံနိုင်ဖြစ်ခဲ့ရတယ်။ နည်းလမ်းတစ်ခုတော့ရှိရမယ်။ တကယ်လည်း သူလက်မခံခဲ့ပါဘူး။

ဆေးရုံကနေ မျှော်လင့်ချက်မဲ့စွာဆင်းလာတဲ့ Tony ကို သူ့သူငယ်ချင်းက Record တစ်ခုဖွင့်ပြခဲ့တယ်။ Record ထဲက ဂီတာသံဟာနားထောင်လို့ သိပ်ကောင်းတယ်လို့ Tony ဖွင့်ပြောခဲ့တဲ့အချိန်မှာ သူ့အတွက် အံ့အားသင့်စရာတစ်ခုက စောင့်ကြိုနေခဲ့တယ်။ အဲ့ဒီ ဂီတာသံစဉ်ကို မီးလောင်မှုကြောင့် လက်ချောင်းတွေဆုံးရှုံးခဲ့ရတဲ့ လူငယ်လေးတစ်ယောက်က လက် ၂ ချောင်းတည်းနဲ့ တီးခတ်ထားတယ်ဆိုတာ သိလိုက်ရတော့ Tony ရဲ့မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ဒါဟာ သူမျှော်လင့်ခဲ့တဲ့နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်မယ့် လမ်းစပဲပေါ့။

ပထမဆုံး Tony ဟာ သူ့ရဲ့ ကောင်းနေတဲ့လက်တစ်ဖက်နဲ့ ပြောင်းတီးဖို့ ကြီုးစားခဲ့တယ်။ ဒါပေမယ့် လက်ပြောင်းပြီးတော့ တီးတာဟာ သူ့အတွက်တော်တော်ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်ခဲ့ပြီး လုံလောက်တဲ့ စိတ်ရှည်မှုလည်း မရှိခဲ့ဘူး။ ဘက်ပြောင်းပြီး တီးတာဟာ သူ့အတွက်မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့ဆုံးရှုံးထားတဲ့လက်ချောင်းထိပ်တွေကို တစ်ခုခုနဲ့အစားထိုးပြီးတီးဖို့ဆုံးဖြတ်ခဲ့တယ်။ ပထမ သူ ပလပ်စတစ်ကို အသုံးပြုခဲ့တယ်။ ဒါပေမယ့် နာကျင်လွန်းတာကြောင့် တခြားအရာတွေ တီထွင်ဖန်တီးရင်းနဲ့ ဂီတာပြန်တီးလို့ရခဲ့တယ်။ ဒါပေမယ့် ဂီတာကြိုးကို သူခံစားလို့မရဘူး။ ဆုံးရှုံးမှုဟာ သူ့ရဲ့ ဂီတာတီးတဲ့ ပုံစံကိုပါ သက်ရောက်ခဲ့ပေမယ့် အဲဒါကြောင့်လည်းပဲ ခုခေတ် နာမည်ကျော်ကြားနေတဲ့ Heavy Metal Music ဟာထွက်ပေါ်လာခဲ့တယ်။

A post shared by Tony Iommi (@tonyiommi) on

Heavy Metal ရဲ့ Godfather လို့တောင် တင်စားခဲ့ကြပြီး သူမရှိရင် Heavy Metal ဆိုတာလည်း ထွက်ပေါ်လာမှာမဟုတ်ပါဘူး။ Tonyရဲ့ ဆုံးရှုံးမှုကြီးဟာပဲ သူ့ကို အောင်မြင်မှုလမ်းကြောင်းဆီအရောက်ပို့ပေးခဲ့တယ်။ ‘Black Sabbath‘ Heavy Metal Band ရဲ့ တည်ထောင်သူ လေးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ်။ ဒါဟာ သူလဲကျရာကနေပြန်ထခဲ့တဲ့ရလဒ်ပေါ့။ အခုဆိုရင် အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ Tony Immoi ဟာ အခုထိတိုင်အောင် သူဘယ်လိုကြုံတွေ့ခဲ့ရလဲ၊ သူဘယ်လိုပြန်ထခဲ့လဲ ဆိုတာတွေကို ထိုင်ပြီးပြန်ပြောပြနေရလောက်အောင် လူတွေရဲ့လေးစား အတုယူခြင်းကိုရှိခဲ့တယ်။

ဒီလိုပါပဲ.. တစ်ခါတစ်လေ ဆိုးဝါးလွန်းတဲ့ အဖြစ်အပျက်တွေ ကိုယ့်ဆီမှာ လာပြီးဖြစ်နေတဲ့အခါ ဘာလို့ငါ့မှလာဖြစ်နေရသလဲလို့ မေးခွန်းထုတ်နေမယ့်အစား Tony လိုမျိုး ဘာကြောင့်မဖြစ်နိုင်ရမှာလဲ.. ဘာလို့ဖြေရှင်းဖို့နည်းလမ်းမရှိရမှာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးတာဟာ အဖြေတစ်ခုထွက်လာဖို့ လမ်းစတစ်ခုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ဘဝကိုအရှုံးမပေးပဲ ကိုယ့်ဝါသနာအတွက် အခက်အခဲတိုင်းကို ရဲရင့်စွာနဲ့ရင်ဆိုင်ကျော်လွှားခဲ့တဲ့ Metal Godfather ‘Tony Immoi’ အကြောင်းကို ရေးသားဖော်ပြပြီး ဂုဏ်ပြုပါရစေ။ Cheers, Tony!!!

A post shared by Tony Iommi (@tonyiommi) on

Leave a Reply

Your email address will not be published. Required fields are marked *