Pop Queen BoA က ‘BoA’s Bed And Breakfast’ ဆိုတဲ့ Reality Show ကို ရိုက်ကူးထုတ်လွှင့်မှာလား

Lee Hyori’s Bed And Breakfast‘ အစီစဉ်လေးကတော့ ယခုလက်ရှိအချိန်မှာ လူအများစိတ်ဝင်စားနေတဲ့ Reality Show တစ်ခုပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ SBS ကထုတ်လွှင့်တဲ့ PowerFM ရဲ့ ‘Park So Hyun’s Love Game‘ အစီစဉ်မှာ Dj Park So Hyun က “သူမရဲ့ ကိုယ်ပိုင် BoA’s Bed And Breakfast ဆိုတဲ့ Show ကိုမလုပ်ဘူးလား” ဆိုပြီး BoA ကိုမေးမြန်းခဲ့ပါတယ်။ BoA က “သူမရဲ့အိမ်ကိုအရင်ကဘယ်ဧည့့်သည်မှ မလာဖူးဘူး၊ သူမရဲ့မိဘတွေနဲ့ပဲနေတာပါ။ ဧည့်သည်သူငယ်ချင်းတွေကို အိမ်လည်တစ်ခါမှမခေါ်ဖူးဘူး၊ တွေ့ချင်ရင်အပြင်မှာပဲ ချိန်းပြီးတွေ့ကြတာများပါတယ်” လို့ပြန်လည်ဖြေဆိုခဲ့ပါတယ်။ ဒါပေမယ့် “သူမစဉ်းစားမိတာတစ်ခုက သူမမှာ ‘BoA’s Bed And Breakfast’ show လုပ်ဖို့အတွက် သူမမှာ ငှါးဖို့အိမ်တစ်လုံးရှိနေပါတယ်” လို့လည်းဖြေဆိုခဲ့ပါတယ်။

BoA ကတောင်ကိုရီးယားနိုင်ငံမှာသာမက ဂျပန်နိုင်ငံမှာပါအောင်မြင်ကျော်ကြားတဲ့ Pop အဆိုရှင်တစ်ဦးပါ။ သူမရဲ့သီချင်းတွေကိုထုတ်လုပ်ရာမှာလည်း အင်္ဂလိပ်၊ ကိုရီးယား နဲ့ ဂျပန်ဘာသာစကား ဆိုပြီး Version မျိုးစုံနဲ့ထုတ်လေ့ရှိပါတယ်။ အခုဆိုသူမရဲ့ Fan တွေဟာ တရုတ်ပြည်မှာပါ များစွာရှိလာလေတော့ တရုတ်ဘာသာစကားနဲ့ version ပြောင်းပြီးသီဆိုလေ့ရှိလာပါတယ်။ သူမဟာ Dance-pop နဲ့ R&B သီချင်းမျိုးတွေကိုသီဆိုရာမှာ အရမ်းကိုကျွမ်းကျင်အောင်မြင်တာကြောင့် ကမ္ဘာကျော်အဆိုရှင် Britney Spears နဲ့ နှိုင်းယှဉ်ကြလာပါတယ်။ တောင်ကိုရီးယားနိုင်ငံကလည်းသူမကို ‘Queen Of Korean Pop’ ဆိုပြီး တင်စားပြောဆိုကြပါတယ်။ Pop Queen လေး BoA ရဲ့အိမ်မှာသာ ‘Bed And Breakfast’ ကိုဖွင့်လိုက်မယ်ဆိုရင်တော့ အရမ်းကိုဧည့်သည်များပြီး အောင်မြင်တဲ့ Reality Show တစ်ခုဖြစ်လာမှာ မလွဲဧကန်ပါပဲ။

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *